Wednesday, August 14, 2024

Speaking ကို ဘယ်ကနေ စပြီး လေ့ကျင့်ရမလဲ

 မေးခွန်း ---

"Speaking ကို ဘယ်ကနေ စပြီး လေ့ကျင့်ရမလဲ အသံထွက် မပီတာတွေလည်း ရှိလို့ပါ"
--- ဆိုပြီး တလောတုန်းက ကျွန်တော့်ဆီ မေးထားတာရှိပါတယ်။ အဲဒီမေးခွန်းအတွက် ပြန်ဖြေပေးထားတာကို အခြားအင်္ဂလိပ်စာလုပ်နေသူများလည်း ဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။

အဖြေ ---

(၁) ပထမဆုံးအနေနဲ့ English ကို 4 skills ရယ်လို့ ဖြန့်ပြီးမကြည့်ဘဲ input skill ရယ် output skill ရယ် ဆိုပြီး နှစ်အုပ်စုခွဲပြီးကျင့်သင့်ပါတယ်။ အထူးသဖြင့် input တစ်ခုခု နားထဲ/မျက်စိထဲ ဝင်လာတဲ့အခါ ပါလာတဲ့ information & feelings တွေကို မြန်မာလို လုံးကောက်ဘာသာပြန်တဲ့အကျင့်မျိုးကိုဖျောက်ပြီး မျက်စိထဲမြင်ယောင်လာအောင် imagine/ visualize လုပ်နိုင်လာအောင်ကြိုးစားပါ။

(၂) အဲဒါလုပ်တတ်လာပြီဆိုရင် သူ့ရဲ့ ပြောင်းပြန်ဖြစ်တဲ့ output skill ကို simple sentence, compound sentence, complex sentence စသဖြင့် တစ်ဆင့်ချင်းစီ ထုတ်ကြည့်ပါ။ ခံစားချက်တွေကို ဖော်ပြတဲ့စွမ်းရည်ကို ဦးစားပေးပြီးလေ့ကျင့်ပါ။
(၃) အသံအတွက်ကတော့ audio နဲ့ text တွဲပြီး ကြားလို့ဖတ်လို့ရတဲ့ အခါမျိုးတွေမှာ vowels အသံတွေကို ဘယ်လိုအသံထွက်သွားသလဲဆိုတာ အာရုံစူးစိုက်နားထောင်ပြီး လိုက်အတုခိုးပြီးရွတ်ဆိုပါ။ တတ်နိုင်သမျှအသံကို ကြာကြာဆွဲပြီးရွတ်ပါ။ မြန်မြန်မရွတ်မိဖို့ အရေးကြီးပါတယ်။
(၄) Short sentences လေးတွေ နှုတ်ကထုတ်တဲ့အကျင့်ရလာပြီဆိုရင်တော့ speaking ပြောထွက်အောင် ပုံမှန် လှုံ့ဆော်ခံနေရဖို့အတွက် stimulating environment နဲ့ multiple partners လိုလာပါလိမ့်မယ်
အဲဒီ ၄ ဆင့်ကိုစိတ်ရှည်ရှည်နဲ့ သေချာလုပ်ရင် speaking skill ပိုပြီးအဆင်ပြေလာပါလိမ့်မယ်။

Yours truly,
Sayar Henry
-------------------
Upcoming Classes:

Sweet Grammar (Fri & Mon, 6:00 – 7:30 PM, 9 Weeks, August 30)
Ear Training (Sat & Sun, 9:00 – 10:30 AM, 10 Weeks, September 14)

ကျွန်တော်ရဲ့ "Specialized Training Courses" AND/OR "Library Membership" စနစ်နဲ့ အင်္ဂလိပ်စာလုပ်လိုသူများ Enrollment Form ကိုဖြည့်ပြီးတင်ထားနိုင်ပါပြီ။

Sayar Henry's Music Collection

Latest Episode

Powered by RedCircle