# What is SHLC Program?
Sayar Henry's Language & Community Program (SHLC) က university တက်ရသလိုမျိုး intake season တစ်ခုမှာအပ်ပြီးရင် အလိုအလျောက်တက်ခွင့်ရသွားတဲ့ modules/classes တွေရယ်၊ ကျောင်းသားရဲ့ တစ်ဦးချင်းလိုအပ်ချက်အလိုက် ထပ်တိုးပြီးတက်လို့ရတဲ့ add-on modules/courses တွေရယ်၊ ကျောင်းဝန်းထဲမှာရှိတဲ့ ကော်ဖီဆိုင်ထိုင်ပြောရသလိုစကားဝိုင်းတွေ၊ ကလပ်အသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားတာတွေရယ် လုပ်လို့ရတဲ့ Online Classes + Digital Campus ဖြစ်ပါတယ်။ Pre-intermediate level လောက်ကစပြီး level မျိုးစုံ skills မျိုးစုံအတွက် ရွေးချယ်သင်ယူစရာတွေအများကြီးပါဝင်ပြီး individual speaking practice ထပ်တိုးယူချင်တဲ့ SHLC ကျောင်းသားတွေအတွက် junior coaches တွေက campus ထဲမှာ one-on-one coaching service ပေးတာမျိုးတွေလည်းရှိပါတယ်။
SHLC Program မှာ Modules + Courses ၁၁ ခုပါဝင်ပြီး Modules 1 to 5 က SHLC Students တိုင်း registration process မလိုဘဲ ဝင်တက်လို့ရတဲ့ Free Modules တွေဖြစ်ပါတယ်။ (Free ဆိုတာ ငွေသွင်းဖို့မလိုတာကို ဆိုလိုတာမဟုတ်၊ ဒီ modules တွေထဲက ဘယ်အချိန်တွေကိုတက်ဖို့ရွေးပါတယ်ဆိုပြီး စာရင်းသွင်းတဲ့အဆင့် မလိုအပ်တာကိုဆိုလိုပါတယ်)
# Modules (1 to 5)
Verbal Drills မှာ Speaking Fluency အားနည်းတဲ့သူတွေကို စကားစပြီးပြောထွက်လာအောင် လှုံ့ဆော်ပေးတဲ့ လေ့ကျင့်ခန်းတွေလုပ်ရပါတယ်။ Level အားဖြင့် Basic to Intermediate ထဲမှာရှိတဲ့ ကျောင်းသားတွေအတွက်ရည်ရွယ်ပါတယ်။
Scenario English က ကျွန်တော် ဖန်တီးထားတဲ့ TV series ဆန်ဆန် Story Universe ထဲက Characters တွေရဲ့ အကြောင်းကိုဖတ်ရင်း Reading + Native Speaker Usages တွေရယ်၊ အသံနေအသံထားတွေပါတဲ့ Dialogue / Speech Patterns / Role Play exercises တွေရယ်ကို သင်ယူလေ့ကျင့်ရတဲ့ module ပါ။ Pre-intermediate နဲ့အထက် ကျောင်းသားတွေအတွက်ရည်ရွယ်ပါတယ်။
Exposure English ကတော့ Upper-intermediate နဲ့အထက်ရှိတဲ့ content (text/audio/video, etc.) အမျိုးအစားတွေကိုသုံးပြီး language exposure ပေးရင်း input & output activities မျှပြီးလေ့ကျင့်ရတဲ့ module ဖြစ်ပါတယ်။
Collaborative English (by Tr. Michelle & Tr. Hazel) ကတော့ Intermediate ဝန်းကျင်ကျောင်းသားတွေအတွက် Role Play, Presentation, Debate, Teamwork အစရှိတဲ့ collaboration-based activities မျိုးတွေနဲ့ လေ့ကျင့်ရတဲ့ module ဖြစ်ပြီး Conversation Table ကတော့ topics, questions, prompts တွေအလိုက် စကားပြောလေ့ကျင့်ရတဲ့အချိန်ဖြစ်ပါတယ်။
# Courses (Module 6 to 11)
SHLC Students တိုင်းကို Free Modules ၅ ခုအပြင် ကျွန်တော့်ရဲ့ သင်ရိုး ၄ ခု (Sweet Grammar, Ear Training, Insight Readers, Power Writers) ထဲက ကျောင်းသားကရွေးချယ်တဲ့ ၁ ခုကို gift course အဖြစ် လက်ဆောင်ယူပြီးတက်ခွင့်ပေးထားပါတယ်။ (Gift မို့လို့ fee မသွင်းရဘူးဆိုပေမယ့် ကျောင်းသားဘက်က နာမည်စာရင်းသွင်းတဲ့အဆင့်ကို သတ်မှတ်ထားတဲ့ကာလအတွင်းမလုပ်ဘဲ စာရင်းပိတ်သွားရင်တော့ ဝင်တက်ခွင့်မရှိပါဘူး။)
အဲဒီ Gift course ၁ ခုအပြင် နောက်ထပ် သင်ရိုးတွေကိုပါထပ်ပြီးတက်မယ်ဆိုမှ add-on fee ဆိုတာသွင်းရတာပါ။ Speech Booster (by Tr. Michelle) နဲ့ Collocation Booster (by Tr. Hazel) ကတော့ add-on courses အဖြစ်နဲ့ပဲရှိပါမယ်။
# Enrollment Seasons (January, May, September)
SHLC Program က ၁ နှစ်မှာ Intake Season ၃ ကြိမ်ပဲလက်ခံတာဖြစ်ပြီး intake season တစ်ခုနဲ့ တစ်ခု time table အပြောင်းအလဲရှိတတ်ပါတယ်။ စက်တင်ဘာအကုန်လောက်မှာ လာမယ့် Season 3 အတွက် ဖောင်တင်ပြီး Waiting List မှာ စောင့်လို့ရနေပါပြီ။ ဒါပေမယ့် timetable မထွက်သေးလို့ ငွေသွင်းခွင့်မပြုသေးပါဘူး။
# Enrollment Form
စိတ်ဝင်စားတယ်ဆိုရင် waiting list မှာ စာရင်းသွင်းထားနိုင်ပါတယ်။ https://docs.google.com/forms/d/14mCWApz3eITcoJ2lLKzdzoDmtbGngDuC7fK07sxED_0/preview