Sunday, June 30, 2024

Sayar Henry's Signature Courses


Specialized Training Courses (developed by Sayar Henry)


Training Phase I (for A1, A2, B1, and B2 Level)

Sweet Grammar Course (~36 Hours)

Ear Training Course (~36 Hours)


Training Phase II (for B2, C1, and IELTS Level)

Insight Readers Course (~34 Hours)

Power Writers Course (~35 Hours)


သင်ရိုးများအကြောင်း အကျဉ်းဖော်ပြချက်

# Sweet Grammar Course (140000 MMK)

အင်္ဂလိပ်စာကို ကျကျနန မတတ်မြောက်ရခြင်းရဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ခုက အခြေခံအားနည်းတာ Foundation မခိုင်တာဖြစ်ပါတယ်။ အထူးသဖြင့် မဖြစ်မနေနားလည်သဘောပေါက်ထားရမယ့် Core Grammar Concept တွေကို လေ့လာမှတ်သားရာ လေ့ကျင့်ရာမှာ မြန်မာကျောင်းသားအများစုဟာ Grammar စာအုပ်တွေထဲက လေ့ကျင့်ခန်းတွေကို အဖြေမှန်ရအောင် လုပ်ကြ၊ ဖြေနိုင်ကြတာကိုပဲ Grammar ပိုင်တယ်လို့ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုထားကြတဲ့အတွက် စာအုပ်ထဲက Grammar ဟာ စာအုပ်ထဲမှာပဲရှိပြီး ရင်ဘတ်ထဲကို ရောက်ရှိခံစားနေတာမျိုးအထိ မဖြစ်လာကြပါဘူး။ Sweet Grammar Course ဟာ အဲဒီပြဿနာကို ဖြေရှင်းပေးတဲ့သင်ရိုးဖြစ်ပါတယ်။ Core Grammar Concepts တွေအားလုံးကို concept မှန်မှန်နဲ့ အရသာခံနားလည်လာအောင် စနစ်တကျ ရှင်းလင်းသင်ပြပေးရုံတင်မဟုတ်ဘဲ Output Skill မှာပါတွဲပြီးတက်လာစေတဲ့ Grammar + Thinking လေ့ကျင့်ပုံနည်းစနစ်တွေကိုပါ တစ်သက်စာအတွက် လမ်းပြပေးသွားမယ့်သင်ရိုးဖြစ်ပါတယ်။

# Ear Training Course (140000 MMK)

Listening comprehension သိပ်မရဘူးဆိုတာက - 
(၁) အင်္ဂလိပ်စကားသံတွေမှာပါတဲ့ အသံထွက်တဲ့ပုံစံတွေ အသံပြောင်းလဲမှုသဘာဝတွေအကြောင်းကို သိပ်မရေလည်လို့ လက်တွေ့ရှုထောင့်ကနေ သဘောမပေါက်သေးလို့ နားမလည်တာ၊ 
(၂) ပြောသွားတဲ့အထဲမှာ သိပ်မရင်းနှီးတဲ့ Vocab + Grammar အသုံးအနှုန်းပါဝင်မှု အချိုးအစားမြင့်မားနေလို့ နားမလည်တာ၊ 
(၃) Grammar ကို နှစ်ကာလအတော်များများမှာ အမြင်နဲ့ပဲနားလည်နိုင်အောင်လေ့ကျင့်လာခဲ့သလိုဖြစ်နေပြီး အကြားနဲ့နားလည်နိုင်အောင် လေ့ကျင့်မှုပိုင်းမှာ ဝါနုတဲ့အတွက် ဝေါဟာရတွေအကုန်သိလို့ တစ်လုံးချင်းစီတိုင်းကိုအကုန်ကြားပေမယ့် ဝါကျတစ်ကြောင်းလုံးရဲ့ဆိုလိုရင်းကိုနားမလည်တာ၊ 
(၄) Vocab & Grammar အဆင်ပြေနေပေမယ့် ပြောနေတဲ့အကြောင်းအရာနဲ့ ဆက်စပ်တဲ့ Context အခင်းအကျင်းကိုမသိလို့ နားမလည်တာ ဆိုပြီး ၄ မျိုးစလုံးနဲ့ ချိတ်နေလို့ အကုန်ပေါင်းစပ်ပြီးလေ့ကျင့်မှ Listening comprehension တက်လာမှာပါ။

Ear Training Course ဟာ အဲဒီအပိုင်းတွေအားလုံးကို ချိတ်ဆက် cover လုပ်ပြီး သင်ပေးတဲ့ Teaching Methodology ကို အသုံးပြုထားတဲ့ သင်ရိုးဖြစ်ပါတယ်။ ဒီသင်ရိုးကိုဖြတ်သန်းလိုက်မယ်ဆိုရင် အချိန်တို၂ လခွဲလောက်အတွင်း အကြားစွမ်းရည်ကိုဆွဲတင်ပေးနိုင်တဲ့၊ တစ်သက်စာအသုံးပြုနိုင်တဲ့ နည်းဗျူဟာတွေနဲ့ အင်္ဂလိပ်စာကို နားထောင်တတ်သွားပါမယ်။

# Insight Readers Course (140000 MMK)

မြန်မာလူငယ်များ ပညာအခွင့်အလမ်း (သို့မဟုတ်) အလုပ်ရာထူး အကြောင်းတစ်ခုခုနဲ့ ပြည်ပကိုထွက်တဲ့အခါ နိုင်ငံတကာကလူတွေနဲ့ ယှဉ်နိုင်ဖို့ဆိုရင် အင်္ဂလိပ်စကားပြောတတ်ရုံနဲ့မရဘဲ စာဖတ်အားကောင်းဖို့ရယ်၊ ဆက်စပ်စဉ်းစားနိုင်စွမ်းမြင့်မားဖို့ရယ်လိုပါတယ်။ အဲဒီအတွက် Reading + Thinking ကိုတွဲပြီး လေ့ကျင့်ရာမှာ နေ့စဉ်သုံး Language Learning Materials တွေ Graded Stories တွေဖတ်နိုင်တဲ့ စွမ်းရည်မျိုး စိတ်ပုံစံမျိုးနဲ့ မရတော့ပါဘူး။ SAT တို့ IELTS တို့လို စာမေးပွဲတွေကို ဝင်ဖြေတဲ့အခါမျိုးမှာ အမှတ်ကောင်းကောင်းရဖို့အသုံးပြုရတဲ့ ထက်ထက်မြက်မြက် စဉ်းစားပြီးဖတ်ရတဲ့ စိတ်ပုံစံမျိုးနဲ့ ဖတ်နိုင်မှသာ အဆင်ပြေပါမယ်။ Insight Readers Course ဟာ ကျောင်းသားရဲ့ “အင်္ဂလိပ်စာဖတ်ချိန်မှာဖြစ်ပေါ်လာမယ့် စိတ်သဏ္ဍာန်” ကို ပိုပြီးထက်မြက်တဲ့ဘက်ကို ရောက်ရှိ ပြောင်းလဲသွားစေနိုင်တဲ့ Teaching Methodology ကို အသုံးပြုထားတဲ့ သင်ရိုးဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဝေါဟာရအသစ်တွေခန့်မှန်းနိုင်စွမ်း၊ စာအမြင့်တွေကို ဖတ်ရှုရာမှာ စာရေးသူရဲ့အာဘော်အမှန်ကို နားလည်နိုင်စွမ်းနဲ့ ကျိုးကြောင်းဆက်စပ်စဉ်းစားနိုင်စွမ်းပိုင်းမှာ သိသိသာသာမြင့်တက်လာပါမယ်။ သင်ရိုးအဆုံးမှာ စာမေးပွဲတစ်ခု ဖြေဆိုရပါမယ်။

# Power Writers Course (140000 MMK)

ဒီသင်ရိုးမှာ အသုံးအများဆုံးဝါကျဖွဲ့စည်းပုံသဘောတရားတွေကို စနစ်တကျ ခြုံငုံ ရှုမြင်ကြည့်တာကနေ စာရေးကောင်းသူတွေ မသိမသာနဲ့ ထိထိရောက်ရောက် အသုံးပြုလေ့ရှိတဲ့ Tips & Tricks တွေ၊ စာရေးတဲ့သူအနေနဲ့ စာဖတ်သူတစ်ယောက်ရဲ့စိတ်ကို ဘယ်လိုလှမ်းပြီးပဲ့ကိုင်လို့ရတယ်ဆိုတာတွေကို သင်ယူရပါမယ်။ ဒါ့အပြင် Academic Writing နဲ့ Persuasive/Argumentative Essays တွေအပါအဝင် IELTS သမားတွေအတွက်အသုံးဝင်တဲ့ Task 1 & 2 ရေးတဲ့သဘောတရားတွေကိုလည်း စွဲစွဲမြဲမြဲမှတ်မိစေမယ့် သင်ကြားမှုပုံစံနဲ့ သင်ယူရမှာဖြစ်တဲ့အတွက် independent learners တွေရော IELTS candidates တွေအတွက်ပါ အသုံးဝင်တဲ့ သင်ရိုးဖြစ်ပါတယ်။ သင်ရိုးအဆုံးမှာ စာမေးပွဲတစ်ခု ဖြေဆိုရပါမယ်။ Insight Readers Course ရော Power Writers Course ကိုပါ စာမေးပွဲတွေပြီးတဲ့အထိ ဖြတ်သန်းနိုင်တဲ့ ကျောင်းသားများရဲ့ Thinking ပုံစံဟာ သိသိသာသာ ပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်။

အထူးမှတ်ချက်။ ။ အထက်ပါသင်ရိုးတွေအားလုံးမှာ နည်းစနစ်တွေ၊ ဗျူဟာတွေ၊ စဉ်းစားပုံတွေကို တစ်ဆင့်ပြီးတစ်ဆင့် အများကြီးသင်ပေးရတာဖြစ်တဲ့အတွက် သင်ရိုးကပေးတာတွေအားလုံးကို ကျောင်းသားအနေနဲ့ ၁၀၀% အပြည့်အဝနားလည်ဖို့သိပ်အရေးကြီးပါတယ်။ ဒါကြောင့် ဒီသင်ရိုးတွေကို သင်တဲ့အခါ သဘောတရားတွေကို ကျောင်းသားကိုယ်တိုင်လုပ်တတ်ကိုင်တတ်ဖြစ်သွားတဲ့အထိ မြန်မာလိုပဲ ပြည့်ပြည့်စုံစုံ ရှင်းလင်းသင်ကြားပေးပါတယ်။


"သတိပြုရန်အချက်များ"
(၁) သင်တန်းပို့ချရာမှာ Live session ကို Google Meet နဲ့ သင်ပါတယ်။ သင်နေတဲ့ session ကို streaming recording ယူထားပြီး Google Drive ကနေ ၄၈ နာရီအတွင်း ပြန် share ပေးပါတယ်။ အသုံးပြုတဲ့ learning materials/ classwork/ homework/ pdf/ audio etc. တွေအတွက်နဲ့ အချို့အတန်းချိန်တွေမှာ Classwork ကို real-time ပြနိုင် စစ်ပေးနိုင်ဖို့အတွက် Discord app ကို အသုံးပြုပါတယ်။

(၂) သင်တန်းကြေးဟာ non-refundable ဖြစ်တဲ့အတွက်ကြောင့် မိမိရဲ့အချိန်အားလပ်မှုအပေါ်မှာ ပိုင်နိုင် သေချာမှုရှိတယ်ဆိုမှ သင်တန်းအပ်စေချင်ပါတယ်။

(၃) ဒီ Specialized Training Courses တွေဟာ Internet access, Electricity တွေပေါ် မှီခိုမှုမရှိတဲ့သူ၊ ကိုယ့်ဖာကိုယ်လည်း self-study တွဲလုပ်နိုင်ဖို့ မသေချာလို့ live training နဲ့မှ အဆင်ပြေမယ့်သူ၊ အချိန်တိုအတွင်း accelerated learning နဲ့ skill တစ်ခုခုကို အမြန်ဆွဲတင်ဖို့လိုအပ်နေတဲ့သူမျိုးအတွက် ဖြစ်ပါတယ်။

---

When you're ready to fly high, come get your wings.

Yours truly,
Sayar Henry

No comments:

Popular Posts

Sayar Henry's Music Collection

Recommended Episode

Powered by RedCircle