မေးခွန်း။ ။ "ဆရာ English Speaking အခြေခံ daily use တွေ အကုန် ပြောနိုင်အောင် ဘယ်လို လေ့ကျင့်ရမလဲ"
စကားပြောနိုင်ဖို့ ဆိုရာမှာ -
(၁) ဘာပြောရမယ်ဆိုတာကို သိတဲ့သူဖြစ်ဖို့ရယ်၊
(၂) အဲဒါကို real conversation မှာ နှုတ်ကထုတ်ရင်း တွေးရင်းရှေ့ဆက်နိုင်တဲ့သူဖြစ်ဖို့ရယ် ဆိုပြီး ၂ ပိုင်းရှိပါတယ်။
(၁) အတွက် Langauge Knowledge တက်လာအောင် စာလုပ်ရ၊ ဖတ်ရ၊ နားထောင်ရ၊ မှတ်ရပါတယ်။ (အဲဒါတွေလုပ်ရာမှာ Sweet Grammar မှာ ဆရာသင်ပေးထားတဲ့ ခံစားပုံတွေ၊ စိတ်ကူးပုံတွေ၊ မှတ်ဉာဏ်သဘောတရားတွေ၊ 3 Points Method လို tips တွေနဲ့ လုပ်ပါ။)
(၂) အတွက်ကတော့ ၁ မှာ လုပ်ထားတာတွေ မှတ်ထားတာတွေကို ပြန်အသုံးချစရာ ကြုံအောင်ဖန်တီးရင်းနဲ့ လက်တွေ့ Conversation Context တစ်ခုနဲ့တွဲပြီး စွဲစွဲမြဲမြဲနားလည်မှတ်မိပြီး ပြောထွက်ဖူးသွားတဲ့သူဖြစ်အောင် တွန်းပြီးလုပ်ယူရပါတယ်။ ဒါက Speaking Class/ Practice Session၊ စကားဝိုင်း၊ Social Interaction, Speaking Partner, Life experience တို့နဲ့ပေါင်းစပ်ပြီးလေ့ကျင့်ခွင့်ရမှ ဖြစ်လာမယ့်အပိုင်းပါ။ Library Program ထဲမှာလုပ်ပေးထားတဲ့ လုပ်ခွင့်ရှိတဲ့ Study Hour၊ Café English၊ Sunday Soiree၊ Study Group/Partnership တွေက အဲဒီ အပိုင်းကို လုပ်စရာ Environment ရအောင် digitally ဖန်တီးပေးထားတဲ့ အခွင့်အရေးတွေပါ။ အားရင် အားသလို ဝင်ပြီး participate လုပ်သင့်ပါတယ်။
(၃) ဖြည့်စွက်လုပ်လို့ရတာတစ်ခုကတော့ Ear Training ထဲမှာ လမ်းပြထားတဲ့ Verbalization လျှာသွေးစွမ်းရည်တက်အောင် Slow Motion Technique နဲ့ ကျင့်တဲ့နည်းကလည်း အသံပိုင်းဆိုင်ရာ self-control ပိုရအောင် confidence ပိုရှိလာအောင် အားဖြည့်ပေးနိုင်ပါတယ်။
စကားပြောနိုင်ဖို့ အဲဒါလေးတွေ ပြည့်စုံအောင် လိုက်ဖြည့်ကြည့်ဖို့ အကြံပြုပါတယ်။
Yours truly,
Sayar Henry
No comments:
Post a Comment