Sunday, September 15, 2024

အင်္ဂလိပ်စာကို Offline Study လုပ်မယ်ဆိုရင်

English Language ကို အင်တာနက်မရှိဘဲ Offline Study/ Self-learning လုပ်မယ်ဆိုရင် အဓိကအားဖြင့် -


(၁) Grammar + Imagination + Thinking ကို ချိတ်ဆက်နေအောင် ဦးစားပေးလေ့ကျင့်နိုင်ဖို့အရေးကြီးပါတယ်။ Graded Short Stories များများဖတ်တာကို အသက်တမျှအရေးကြီးတယ်လို့ သဘောထားပြီးနာနာလုပ်ပါ။


(၂)  ဒိုင်ယာရီလိုမျိုး နေ့စဉ်ခံစားချက်တွေ၊ အတွေ့အကြုံတွေချရေးတာကို နေ့စဉ်နီးပါးလုပ်ပါ။ ပြန်စစ်ပေးမယ့်သူမရှိတဲ့အတွက် အသစ်အဆန်းသုံးဖို့ထက် မှန်ဖို့သေချာပြီးသားဝါကျပုံစံတွေနဲ့ပဲ ရအောင်လှည့်ပတ်ဖော်ပြရင်းနဲ့ မှတ်ဉာဏ်ထဲခိုင်မာသထက်ခိုင်မာအောင် auto-pilot နဲ့ထုတ်တတ်လာအောင် ဦးစားပေးပါ။ ရေးနေရင်းနဲ့ ကိုယ့်ရဲ့စာကို အရင်က ကြားဖူးနားဝရှိထားတဲ့ အင်္ဂလိပ်အသံနေအသံထားမျိုးနဲ့ နားထဲမှာ ကြားယောင်ပြီးပြန်ဖတ်ကြည့်နေပါ။


(၃) Story Reading ကနေ တစ်ဆင့်တက်လာရင် ကိုယ်သိပြီးသား ယဉ်ပါးပြီးသား/ ကြိုက်နှစ်သက်ပြီးသားဖြစ်တဲ့ Subject Matter တစ်ခုခုရဲ့ Textbook ကို ဇိမ်ပြေနပြေတစ်အုပ်လုံးပြီးအောင်ဖတ်ပါ။ ဥပမာ - Science/ Engineering ကြိုက်ရင် Physics / Mathematics ဖတ်စာအုပ်ကို ဖင်ပြန်ခေါင်းပြန်ဖတ်တာမျိုး။ 


(၄) Textbook ဖတ်နိုင်တဲ့အဆင့်ရောက်ရင် BBC World Service ရေဒီယိုကို အိပ်မငိုက်ဘဲ နာရီနဲ့ချီပြီးနားထောင်နိုင်လာတဲ့အထိ ကြိုးစားပါ။  


အဲဒါတွေအားလုံးဟာ ကျွန်တော့်အသက် ၁၆ - ၂၀ နှစ်ကာလတွေအတွင်း လျှောက်ခဲ့တဲ့လမ်းပါ။

သေချာပေါက်အလုပ်ဖြစ်ပါတယ်။

Monday, September 9, 2024

Listening Skill အားနည်းနေလျှင်

Problem: 

"Listening Skill အားနည်းနေတယ်၊ Speaking ပိုင်းမှာလည်း ပြောရဆိုရမှာ မကြောက်ပေမယ့် တစ်ဖက်က ပြန်ပြောတာကို နားမလည်မှာစိုးရိမ်နေတဲ့စိတ်ကြောင့် မိမိကိုယ်ကို ယုံကြည်မှုမရှိဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲ"


Solution:

Listening Comprehension သိပ်မရဘူးဆိုတာက -

(၁) အင်္ဂလိပ်စကားသံတွေမှာပါတဲ့ အသံထွက်တဲ့ပုံစံတွေ အသံပြောင်းလဲမှုသဘာဝတွေအကြောင်းကို သိပ်မရေလည်လို့နားမလည်တာ

(၂) ပြောသွားတဲ့အထဲမှာ သိပ်မရင်းနှီးတဲ့ Vocab + Grammar အသုံးအနှုန်းပါဝင်မှု အချိုးအစားမြင့်မားနေလို့ နားမလည်တာ

(၃) Grammar ကို နှစ်ကာလအတော်များများမှာ အမြင်နဲ့ပဲနားလည်နိုင်အောင်လေ့ကျင့်လာခဲ့သလိုဖြစ်နေပြီး အကြားနဲ့နားလည်နိုင်အောင် လေ့ကျင့်မှုပိုင်းမှာ ဝါနုတဲ့အတွက် ဝေါဟာရတွေအကုန်သိလို့ တစ်လုံးချင်းစီတိုင်းကိုအကုန်ကြားပေမယ့် ဝါကျတစ်ကြောင်းလုံးရဲ့ဆိုလိုရင်းကိုနားမလည်တာ

(၄) Vocab & Grammar အဆင်ပြေနေပေမယ့် ပြောနေတဲ့အကြောင်းအရာနဲ့ ဆက်စပ်တဲ့ Context အခင်းအကျင်းကိုမသိလို့ နားမလည်တာ

ဆိုပြီး ၄ မျိုးစလုံးနဲ့ ချိတ်နေပါတယ်။ အဲဒီအပိုင်းတွေအားလုံးကို ပေါင်းစပ်ပြီးလေ့ကျင့်မှ Listening Comprehension တက်လာမှာပါ။


Recommendation:

အဲဒီအစိတ်အပိုင်းတွေအားလုံးကို ချိတ်ဆက် practice လုပ်ပြီး သင်ပေးတဲ့ Teaching Methodology ကို အသုံးပြုတဲ့ သင်ရိုးကို Ear Training Course လို့ခေါ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ဒီသင်ရိုးနဲ့ မြန်မာကျောင်းသားများရဲ့ Listening Skill ပြဿနာကို ကျွန်တော် ဖြေရှင်းပေးနေတာဖြစ်ပါတယ်။ 


ဒီသင်ရိုးကို ဝင်တက်တဲ့သူဟာ အပတ်စဉ်ကျွန်တော်နဲ့ တွေ့ဆုံရတဲ့အချိန်တွေမှာ ဆင်တူရိုးမှားအတုအပလုံးဝမရှိတဲ့ ကျွန်တော်ရဲ့ ကိုယ်ပိုင် နားထောင်နည်းဗျူဟာတွေနဲ့ Live Practice + Homework Practice တွေလုပ်ရမယ်။ အင်္ဂလိပ်အသံတွေရဲ့ သဘောသဘာဝတွေကို သိမြင်သဘောပေါက်လာအောင် Phonetics ပညာရပ်ကို လေ့လာသလောက် နက်နဲလေးပင်စွာ အချိန်ပေးစရာမလိုဘဲ လွယ်ကူရိုးစင်းအောင် ကျွန်တော်ကလမ်းဖောက်ပေးထားပြီးသားဖြစ်တဲ့ ဖြတ်လမ်းတစ်ခုကနေ လက်တွေ့ကျကျခံစားချဉ်းကပ်မယ်။ Grammar + Sound + Thinking + Comprehension ချိတ်ဆက်မှုကို ပေါင်းစပ်လေ့ကျင့်ရင်းနဲ့ သင်ရိုးရဲ့  phase တစ်ခုချင်းစီမှာ မတူညီတဲ့ရှုထောင့်တွေကို progressively cover လုပ်သွားပါမယ်။ 


သင်ရိုးကာလတစ်လျှောက် အတန်းချိန်မှန်မှန်တက်မယ် အပတ်စဉ်အိမ်စာတွေကို အနည်းဆုံး ၅၀% လောက် မှန်မှန်လိုက်လုပ်မယ်ဆိုရင် အချိန်တို ၂ လခွဲလောက်အတွင်း သိသိသာသာ Listening Skill တက်လာပါလိမ့်မယ်။ (အင်္ဂလိပ်စာကို ၈ - ၉ တန်းစာလောက် အခြေခံရှိရင်ကို Ear Training တက်လို့ရပါတယ်။)


တစ်ဖက်မှာလည်း Ear Training လုပ်နေရင်းနဲ့ လက်ဆောင်ထည့်ပေးထားမယ့် Library Membership မှာပါတဲ့ 9 hours per week အချိန်တွေမှာ အားရင်အားသလို ဝင်ပြီး 4 Skills Exposure & Speaking Practice ကို ဝင်လုပ်ရင် ၂ လလောက်အတွင်း Communication Skill & Mindset မှာလည်း ပြောင်းလဲသွားပါလိမ့်မယ်။ 


ဒါကြောင့် မြန်မာကျောင်းတက်ပြီးကြီးလာတဲ့ မြန်မာများအတွက် လမ်းဖောက်ပေးထားတဲ့ Ear Training Course ကို လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး အတူတူဖြတ်သန်းဖို့ ကျွန်တော်က အကြံပြု ဖိတ်ခေါ်လိုက်ပါတယ် ။


Ear Training Course (A Specialized Training Class)

Time: Sat & Sun (9:00 – 10:30 AM)

Duration: ~11 Weeks (starting on September 14, 2024)

Course Fee: 120000 MMK


ကျွန်တော့်အတန်းတိုင်းရဲ့ ထုံးစံအတိုင်း သင်တန်းတက်ဖို့ Gmail/Google Account လိုအပ်ပါတယ်။ Live သင်ကြားမှုကို Google Meet ကနေလုပ်ပြီး အဲဒီရဲ့ Recording ကို စာသင်ချိန်ပြီးနောက် ၄၈ နာရီအတွင်း Google Drive ကနေ ပြန် share ပေးပါတယ်။ အပတ်စဉ် Classwork/Homework ကိုလည်း weekly email ပို့ပေးမှာဖြစ်ပါတယ်။ 

Bonus: 

Library Membership ၂ လလည်း လက်ဆောင်ရမှာဖြစ်တဲ့အတွက် 

Monday (8:00 – 9:00 PM)

Tuesday (8:00 – 9:00 PM)

Tuesday to Saturday (9:00 – 10:00 PM)

အချိန်တွေထဲမှာ ကိုယ်အားတာနဲ့ တိုက်ဆိုင်ရင်တိုက်ဆိုင်သလို in English သင်ယူစရာ၊ Speaking Practice လုပ်စရာ အခွင့်အရေးတွေ ဖောဖောသီသီရရှိမှာဖြစ်ပါတယ်။

Enrollment:

တက်မယ့်ကျောင်းသားရဲ့ Full Name, Gmail, Course နဲ့ Payment Method ကို 

(1) Enrollment Form ဖြည့်ပြီးတင် (သို့မဟုတ်)
(2) library.eng.henry@gmail.com သို့ စာရေးပြီးပို့ပေးထားပါ။

Form: https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform

 

Sayar Henry's Music Collection

Latest Episode

Powered by RedCircle