Sunday, September 15, 2024

အင်္ဂလိပ်စာကို Offline Study လုပ်မယ်ဆိုရင်

English Language ကို အင်တာနက်မရှိဘဲ Offline Study/ Self-learning လုပ်မယ်ဆိုရင် အဓိကအားဖြင့် -


(၁) Grammar + Imagination + Thinking ကို ချိတ်ဆက်နေအောင် ဦးစားပေးလေ့ကျင့်နိုင်ဖို့အရေးကြီးပါတယ်။ Graded Short Stories များများဖတ်တာကို အသက်တမျှအရေးကြီးတယ်လို့ သဘောထားပြီးနာနာလုပ်ပါ။


(၂)  ဒိုင်ယာရီလိုမျိုး နေ့စဉ်ခံစားချက်တွေ၊ အတွေ့အကြုံတွေချရေးတာကို နေ့စဉ်နီးပါးလုပ်ပါ။ ပြန်စစ်ပေးမယ့်သူမရှိတဲ့အတွက် အသစ်အဆန်းသုံးဖို့ထက် မှန်ဖို့သေချာပြီးသားဝါကျပုံစံတွေနဲ့ပဲ ရအောင်လှည့်ပတ်ဖော်ပြရင်းနဲ့ မှတ်ဉာဏ်ထဲခိုင်မာသထက်ခိုင်မာအောင် auto-pilot နဲ့ထုတ်တတ်လာအောင် ဦးစားပေးပါ။ ရေးနေရင်းနဲ့ ကိုယ့်ရဲ့စာကို အရင်က ကြားဖူးနားဝရှိထားတဲ့ အင်္ဂလိပ်အသံနေအသံထားမျိုးနဲ့ နားထဲမှာ ကြားယောင်ပြီးပြန်ဖတ်ကြည့်နေပါ။


(၃) Story Reading ကနေ တစ်ဆင့်တက်လာရင် ကိုယ်သိပြီးသား ယဉ်ပါးပြီးသား/ ကြိုက်နှစ်သက်ပြီးသားဖြစ်တဲ့ Subject Matter တစ်ခုခုရဲ့ Textbook ကို ဇိမ်ပြေနပြေတစ်အုပ်လုံးပြီးအောင်ဖတ်ပါ။ ဥပမာ - Science/ Engineering ကြိုက်ရင် Physics / Mathematics ဖတ်စာအုပ်ကို ဖင်ပြန်ခေါင်းပြန်ဖတ်တာမျိုး။ 


(၄) Textbook ဖတ်နိုင်တဲ့အဆင့်ရောက်ရင် BBC World Service ရေဒီယိုကို အိပ်မငိုက်ဘဲ နာရီနဲ့ချီပြီးနားထောင်နိုင်လာတဲ့အထိ ကြိုးစားပါ။  


အဲဒါတွေအားလုံးဟာ ကျွန်တော့်အသက် ၁၆ - ၂၀ နှစ်ကာလတွေအတွင်း လျှောက်ခဲ့တဲ့လမ်းပါ။

သေချာပေါက်အလုပ်ဖြစ်ပါတယ်။

No comments:

Sayar Henry's Music Collection

Latest Episode

Powered by RedCircle