Tuesday, October 29, 2024

Basic level ကနေ IELTS ဝင်ဖြေနိုင်ဖို့အထိ အချိန်ဘယ်လောက်ပေးရမလဲ

ပထမဦးဆုံးအနေနဲ့ IELTS ဖြေဖို့ရည်ရွယ်ထားရင် mock test / pretest တစ်စုံကို အရင်ဆုံး စမ်းဖြေကြည့်ပါ။ ၂၄ နာရီအတွင်းမှာ တူညီတဲ့ test paper ကိုပဲ exam setting အတိုင်းအချိန်ကန့်သတ်ပြီး ဖြေတာရယ်၊ အချိန်ကန့်သတ်ချက်လုံးဝမထားဘဲ အေးအေးလူလူဖြေတာရယ် ဆိုပြီး၂ ခေါက်ဖြေပြီးမှ အဖြေတိုက်ပါ။


ကိုယ့်အဖြေမှာ exam setting နဲ့ ဖြေရင်မှားပြီး အေးအေးဆေးဆေးဖြေလိုက်ရင်မှန်သွားတဲ့ နေရာမျိုးတွေက exam technique, exposure, and knowledge of marking scheme ဘက်မှာ လိုအပ်ချက်ရှိတဲ့နေရာတွေကို ညွှန်ပြပါလိမ့်မယ်။

အဲဒီ issues တွေက exam tips, techniques and marking scheme တွေသိအောင် သင်ပေးတဲ့ သင်တန်းတစ်ခုခုကို တက်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ (Learning aptitude မြင့်တဲ့ ကျောင်းသားဆိုရင် လုံလောက်တဲ့ ကြိမ်နှုန်းတစ်ခုဖြတ်သန်းလိုက်တာနဲ့ အဲဒီ tips & tricks လေးတွေကို ကိုယ့်ဟာကိုယ်မြင်လာလို့ သင်တန်းတက်စရာမလိုတာတောင်ဖြစ်နိုင်ပါတယ်။)

တကယ်လို့ ကိုယ့်အဖြေတွေမှာ time limit မထားဘဲ မေးခွန်းတစ်ခုချင်းစီကို အချိန်ယူစဉ်းစားပြီးဖြေရင်တောင် မှားသေးတယ်ဆိုရင်တော့ အဲဒါက tips & techniques တွေနဲ့ ကယ်လို့သိသိသာသာထူးလာမယ့်အပိုင်းမဟုတ်တော့ပါဘူး။ အဲဒါ ကိုယ့်ရဲ့ language level အရကိုက နိမ့်နေ/လိုအပ်ချက်ရှိနေလို့ပါ။

အဲဒီလိုအမှားမျိုးများနေသေးတဲ့သူဆိုရင် စာမေးပွဲကို အလောတကြီးမဖြေသင့်ပါဘူး။ အထူးသဖြင့် IELTS ကို 6.5 အထက် ရချင်တဲ့သူဆိုရင် ကိုယ့်ရဲ့ comprehension skill က B2-C1 ပတ်ချာလည်လောက်ရှိတဲ့ materials တွေကို သက်သာစွာနဲ့ မပင်ပန်းဘဲ ဖတ်နိုင် နားထောင်နိုင်တဲ့အနေအထားကို ရောက်အောင် အရင်လုပ်ပါ။ အဲဒီ Fluency & Cognitive Level ကို ၆ လ ၁ နှစ်နဲ့ ရောက်တဲ့သူရှိမယ်၊ ၂ နှစ်လောက်ကြာမှ ရောက်တဲ့သူရှိမယ်။ အထူးသဖြင့် foundation မခိုင်တဲ့သူ၊ essential grammar & sentence structures တွေကို အမှားများနေသေးတဲ့သူ၊ အမှားတွေကို သိပြီးတိုင်အောင် deliberate practice နဲ့ မှန်အောင်သတိထားပြီးမပြင်တဲ့သူဆိုရင် ပိုကြာနိုင်ပါတယ်။

IELTS practice tests တွေထဲက Reading section ကို ဇိမ်ပြေနပြေဖတ်ရင်း အသစ်တွေ့တဲ့ Vocabulary, Grammar & Usage တွေကို မှန်မှန်ကြာကြာ စုပ်ယူနေရင်းနဲ့ တက်လာနိုင်ပါတယ်။ စာမေးပွဲသိပ်ကပ်နေလို့ simulated exam ပုံစံနဲ့ဖြေဖို့လိုတာမဟုတ်သေးရင် အချိန်နဲ့လောလောဖြေတာမျိုးကိုရှောင်ပါ။

စာလုပ်ချိန်အနေနဲ့ recommendation က တစ်ပတ်မှာ ၄-၅ ရက်၊ ၁ ရက်မှာ ၃-၄ နာရီလောက်လို့ အလွယ်ပြောလိုက်ချင်ပေမယ့် ကျောင်းသား တစ်ယောက်နဲ့တစ်ယောက်နဲ့ background and lifestyle မတူ၊ လက်ရှိ level ချင်းမတူတဲ့အပြင် academic content exposure ကိုယူတဲ့အချိန်၊ practice tests ဖြေတဲ့အချိန် ၊ Writing concepts ကို နားလည်အောင်လုပ်တဲ့အချိန်၊ စမ်းသပ်ရေးသားတဲ့အချိန်၊ Research & Idea Collection လုပ်တဲ့အချိန်၊ Speaking practice လုပ်တဲ့အချိန်စသဖြင့် ကိုယ့်အားနည်းချက်၊ ကိုယ်အားစိုက်ရမယ့်နေရာပေါ်မူတည်ပြီး ကွာနိုင်တာမို့လို့ ပုံသေပြောလို့မရပါဘူး။

Just do what you have to do consistently and listen to your brain ပေါ့။ စာလုပ်နေရင်းနဲ့ ကိုယ့်ကိုကိုယ် “test ready” ဖြစ်မဖြစ် သိလာပါလိမ့်မယ်။

Yours truly,
Sayar Henry
--------------------

ဖြည့်စွက်ချက်။ ။ Exam သင်တဲ့ကိစ္စက ကျွန်တော့် specialization မဟုတ်လို့ exam သီးသန့် သင်တန်းတော့ မရှိပါဘူး။ ဒါပေမယ့် Language Tests တွေဖြေရာမှာ လိုအပ်ဆဲဖြစ်မယ့် Language Skill & Intellect ကို ဆွဲတင်တဲ့အပိုင်းကိုတော့ ကျွန်တော်ကူညီပေးနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်သင်ရိုးတွေဖြစ်တဲ့ Insight Readers Course နဲ့ Power Writers Course နှစ်ခုဆိုရင် IELTS ဖြေမယ့်သူတိုင်း ဖြတ်သန်းဖူးသင့်တဲ့ Strategic Bridge အဖြစ်အသုံးဝင်ပါလိမ့်မယ်။

Upper-intermediate နဲ့ အထက် (B2 - C1) လောက်ဆိုရင် တက်လို့ရပါတယ်။ Ear Training Course သို့မဟုတ် Ear Training & Sweet Grammar ပြီးထားတဲ့ ကျွန်တော့်ကျောင်းသားဟောင်းဆိုရင်လည်း တက်လို့ရပါတယ်။

Insight Readers Course (140000 MMK, 10 Weeks)
Sat & Sun, 3:00 - 4:30 PM, November 9

Power Writers Course (140000 MMK, 11 Weeks)
Sat & Sun, 5:00 - 6:30 PM, November 9

Discount: IR + PW နှစ်ခုစလုံးပူးတွဲအပ်လျှင် 230000 MMK သာကျသင့်မည်။

(သင်ရိုးတစ်ခုလျှင် Library Membership ၂ လ လက်ဆောင်ပါသဖြင့် နှစ်ခုစလုံးအပ်လျှင် ၄ လ လက်ဆောင် ရပါမည်။)

Enrollment Form: https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform

No comments:

Sayar Henry's Music Collection

Latest Episode

Powered by RedCircle