Tuesday, October 1, 2024

လေ့ကျင့်ခန်း၊ လေ့ကျင့်ခန်း၊ လေ့ကျင့်ခန်း

အခုခေတ်ကလေးတွေ၊ လူငယ်တွေအကြားမှာ ဗီဒီယိုသင်ခန်းစာတွေကြည့်တာကို Self-study လုပ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုကြ၊ ထင်တတ်ကြသူတွေများလာပါတယ်။ တကယ်က ဗီဒီယိုကြည့်တယ်၊ စာအုပ်ဖတ်တယ်၊ ယူကျု၊ ပေါ့ကဒ်စ် စသဖြင့် ကောင်းနိုးရာရာ content တွေကို consume လုပ်တာဟာ self-learning လုပ်ခြင်းဆိုတာကြီးရဲ့ အသေးဆုံးအစိတ်အပိုင်းသာသာပဲရှိပါတယ်။ 


Learning ရဲ့ တကယ့် အနှစ်သာရနဲ့ ထိရောက်မှုက သက်ဆိုင်ရာ ပူးတွဲလေ့ကျင့်ခန်းတွေကို နာနာဖြတ်သန်းခြင်းက လာတာဖြစ်ပါတယ်။ ဥပမာ - ကျွန်တော်ငယ်ငယ်က Pure Mathematics, Applied Mathematics, Mechanics စသည်တို့ကို self-study လုပ်ခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် Textbooks တွေ Examples တွေကို အရမ်းဖတ်ခဲ့တာ အချိန်အများကြီးပေးခဲ့တာမှန်ပေမယ့် အဲဒီအတွက်ပေးတဲ့ time & energy က ကျွန်တော့် learning process ရဲ့ ၂၀ % သာဖြစ်ပါတယ်။ အဲဒီထက် ၄ ဆလောက်ပိုများတဲ့ effort တွေကို ပုစ္ဆာပေါင်းများစွာကို စိတ်ထဲမှာ သို့မဟုတ် စာရွက်ပေါ်မှာ ဖြတ်သန်းခြင်းဆီမှာ အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှကိုယ့်ကို မတွက်ခိုင်းဘူး၊ မစစ်ပေးပါဘူး။ ဒါပေမယ့် အဲလိုပဲ ကိုယ့်ဟာကိုယ် တွက်နေပါတယ်။ ရလာဒ်အနေနဲ့ ထိုစဉ်က ကျွန်တော်က uni မတက်ရသေးတဲ့အချိန်မှာတောင် အင်္ဂလန်က ဒုတိယနှစ် အင်ဂျင်နီယာကျောင်းသားတွေကိုင်တဲ့ ဖတ်စာအုပ်ကို ကျွန်တော်ကိုင်ပြီး တွက်ရဲတဲ့ တွက်နိုင်တဲ့အထိရောက်လာခဲ့ပါတယ်။ Self-study ဆိုတာ အဲဒါမျိုးကို ပြောတာပါ။ Consume လုပ်တာက ၂၀ % လောက်၊ အဲဒီကနားလည်မှုကိုအသုံးပြုပြီး လေ့ကျင့်တာက ၈၀ % လောက်ဖြစ်နေရမှာပါ။


အင်္ဂလိပ်စာလုပ်ရင်လည်း အဲဒီသဘောတရားပါပဲ။ Audio/Video/Text တွေကို consume လုပ်တာကို ၈၀ % လောက်လုပ်ပြီး practice/ exercise ကို ၂၀ % ပဲလုပ်မိနေပြီးမှ self-study လုပ်တာ သိပ်မထူးဘူးလို့ အော်နေလို့မရပါဘူး။ အချိုးအစားကို ပြောင်းပြန်လှန်ပြီး recommended exercises တွေ deliberate practice တွေကို များများလုပ်ကြည့်ပါ။ Skill မတက်လာသေးခင်မှာတောင် train နေတဲ့သူတစ်ယောက်ရဲ့ စိတ်ဟာ မာန်ပါလာပါတယ်၊ လုပ်သင့်တာကိုလုပ်နေလို့ မိမိကိုယ်ကို ယုံကြည်မှုရှိလာတာကို အရင်ခံစားရပါမယ်။ အဲဒီစိတ်အပြောင်းအလဲကပဲ ကိုယ့် skill ကိုပါ ဆက်ပြီး ဆွဲတင်ပေးလာပါလိမ့်မယ်။


Yours truly,

Sayar Henry

------------------------

Upcoming Specialized Training Classes:


Sweet Grammar Course (80000 MMK) 

(Sat & Sun, 11:00 AM - 12:30 PM, 10 Weeks, October 12)


Ear Training Course (120000 MMK)

(Tue & Thu, 6:00 - 7:30 PM, 11 Weeks, October 8)


Enrollment Form:

https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform 

No comments:

Sayar Henry's Music Collection

Latest Episode

Powered by RedCircle