၂၀၂၄ ခုနှစ် ဝင်ခါစတုန်းက Voice of Sayar Henry ကနေ "နှစ်ကူးစကားဝိုင်း" ဆိုတဲ့ ၆၅ ပုဒ်မြောက်အပုဒ်နဲ့ နှစ်ကူးဝင်လာခဲ့တာအချို့မှတ်မိကြအုံးမယ်ထင်ပါတယ်။ အဲဒီနောက်ပိုင်း မြန်မာလူငယ်တွေအတွက် အရေးကြီးတဲ့ အပုဒ်တွေဖြစ်တဲ့ The Verge၊ "ဘယ်သွားမလို့လဲ"၊ "ဘဝစစ်သည်တော်" ဆိုတဲ့ အပုဒ်တွေ ဖန်တီးပေးပြီးနောက် အခုချိန်အထိ အသစ်ထပ်မထွက်နိုင်တာရဲ့နောက်ကွယ်မှာ အကြောင်းရှိပါတယ်။
ပထမအချက်ကတော့ ကျွန်တော့်ရဲ့ C-Spine (C4-C5-C6-C7) မှာ ဖြစ်နေတဲ့ condition က ကျွန်တော့်ရဲ့ lifestyle, productivity and creativity မှာ limiting factor တစ်ခုလို လာပြီးကန့်သတ်လိုက်တာကြောင့်ဖြစ်ပါတယ်။ ကွန်ပြူတာမှာတစ်ခါထိုင်တိုင်းမှာ စာရိုက်တဲ့ ပုံစံမျိုးနဲ့ လက်ကို မိနစ်နှစ်ဆယ် နာရီဝက်လောက်ထက် ပိုထားဖို့အဆင်မပြေတာကြောင့် Tasks တွေကို တော်တော်ကြီး Priority ခွဲပစ်ပြီး စဉ်းစားပြီးမှ ဦးစားပေးရွေးချယ်လုပ်ကိုင်ရတာမျိုးဖြစ်သွားပါတယ်။
အဲဒီမှာ High Priority & Time-sensitive ဖြစ်တဲ့ စာသင်ကြားခြင်းနဲ့တိုက်ရိုက်ပတ်သက်တဲ့ Classwork, Coursework သင်ခန်းစာပြင်ဆင်တာ၊ Homework, Assignment, Exam စစ်ဆေးတာ၊ အပတ်စဉ် နာရီ ၂၀ မှ ၂၅ နာရီ လောက်အထိရှိတတ်တဲ့ စာသင်ကြားချိန်တွေရဲ့ Google Meet recording footage တွေနဲ့ Google Drive content တွေကို manage လုပ်ရတာတွေ၊ အတန်းချိန်တစ်ချိန်စီနဲ့ဆိုင်တဲ့ Weekly emails & class reminders တွေ စသဖြင့်ကိုပဲ ဦးစားပေးလုပ်ရပါတယ်။ ကျန်တဲ့ Non-critical tasks တွေဖြစ်တဲ့ podcast script ရေးတာ၊ Audio/Video project ကိုင်တာတွေ၊ ဆိုရှယ်မီဒီယာ content ရေးတာတွေ၊ မက်ဆင်ဂျာကနေ ကျွန်တော့်ဆီကို reach out လုပ်ထားကြတဲ့၊ မေးမြန်းအကြံတောင်းကြတာတွေ အစရှိတဲ့ များသောအားဖြင့် time-sensitive မဖြစ်တဲ့ work မျိုးတွေကိုတော့ နောက်ရွှေ့ပြီး အချိန်လည်းရ၊ ရုပ်ပိုင်းလည်းအဆင်ပြေတယ်ဆိုမှပဲ လှည့်နိုင်ပါတော့တယ်။
ဒုတိယအချက်ကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာနှောင်းပိုင်းလောက်ကစပြီး ကျွန်တော့်ရဲ့ လက်ချိုးရေတွက်စရာတောင်မလိုတဲ့ တစ်ဦးတည်းသောမိသားစုဝင်က Cancer Patient ဖြစ်နေတာကြောင့် အဲဒါနဲ့ပတ်သက်တဲ့ ကာယ၊ ဉာဏ၊ စိတ္တ အပါအဝင် အထွေထွေသော အရင်းအမြစ်တွေကို အသုံးပြုရင်း ကိုယ်စိတ်နှလုံးပင်ပန်းမှုတွေရှိတာကြောင့် High Priority Work တွေကိုတောင် အလျင်မှီအောင် မနည်းလိုက်လုပ်နေရင်း ရှေ့မှာတုန်းကပြောတဲ့ non-critical tasks တွေ time-sensitive မဟုတ်တဲ့ content & communication တွေဘက်မှာ တော်တော်နဲ့ မလှည့်နိုင်ဘဲ စိတ်လျှော့ထားလိုက်ရပါတယ်။ (အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အပေါ်မှာ ယုံကြည်စိတ်ရှည်စွာစောင့်ပေးကြတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။)
ဒီကြားထဲမှာ အတန်းအပ်တာ ကျောင်းသားစာရင်းသွင်းတာစသဖြင့်ကို တာဝန်ယူထားတဲ့ admin လေး ဆီမှာလည်း ဒီလပိုင်းအတွင်း လျှပ်စစ်မီးနဲ့ အင်တာနက် အတော်ခက်ခဲနေတယ်လို့ သိရပြီး enrollment processing တွေ အရင်ကထက်စာရင် အများကြီးပိုပြီး နှောင့်နှေးမှု ကြုံတွေ့နေရပါတယ်။ အခုဆိုရင် ၂၀၂၅ ဇန်နဝါရီအတွက် scheduling confict တွေဖြေရှင်းပြီးလို့ အချိန်စာရင်းကတော့ အသစ်ထွက်နေပြီဆိုပေမယ့် enrollment လက်ခံတာကိုတော့ ရက်ပိုင်းလောက် ခဏရပ်ထားရပါအုံးမယ်။ (Sweet Grammar, Ear Training, Insight Readers, Power Writers classes တွေက January ဒုတိယ/တတိယပတ် ပတ်ဝန်းကျင်လောက်မှ အသစ်ပြန်စမှာမို့လို့ အပ်ချင်တဲ့ ကျောင်းသားများအတွက် စဖွင့်ရက်မတိုင်ခင် အချိန်ရပါလိမ့်မယ်။ အဲဒီအတွက်တော့ စိတ်မပူကြစေချင်ပါဘူး။)
၂၀၂၄ ကနေ အဓိက သင်ခန်းစာယူသွားစရာအနေနဲ့ ၂ ခု ရှိခဲ့ပါတယ်။
တစ်ခုက ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိတ်ဆွေများ၊ ကျောင်းသားများနဲ့ တွေ့ကြပြောကြတဲ့အခါ "ကျန်းမာရေးဂရုစိုက်နော်" ဆိုတာထက် "Lifestyle ဂရုစိုက်နော်" ဆိုတာက ပိုပြီး လက်တွေ့ကျတယ်ဆိုတာပါ။
နောက်သင်ခန်းစာ/အသိအမြင်တစ်ခုကတော့ ဘဝ၊ စိတ်၊ အချစ် ဆိုတာမျိုးနဲ့ ပတ်သက်တယ်လို့ဆိုရပါမယ်။
ဒါပေမယ့် အဲဒီတစ်ခုကတော့ ကျွန်တော်အခုလက်ရှိအားထုတ်နေတဲ့ Voice of Sayar Henry ရဲ့ ၆၉ ပုဒ်မြောက် The Constellations ဆိုတဲ့ Special Episode ရဲ့ အဓိက message ဖြစ်တာကြောင့် ထွက်မှပဲ နားထောင်ကြည့်တာ ပိုကောင်းမယ်ထင်ပါတယ်။
ဇန်နဝါရီ ပထမပတ်မကုန်ခင်လောက် ထွက်နိုင်ဖို့ မှန်းပြီးကြိုးစားနေပါတယ်။ တကယ်လို့ နောက်ကျခဲ့ရင်လည်း ကျွန်တော့်ကို နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
စောင့်ရကျိုးနပ်အောင်လည်း ကျွန်တော်က လုပ်မှာပါခင်ဗျာ။
Yours truly,
Sayar Henry
--------------------------
Teacher (2012-present)
Writer (2006-present)
YouTuber (2013-present)
Podcaster (2021-present)
--------------------------
No comments:
Post a Comment