Sunday, September 20, 2026

SHLC Season 3 is coming soon!

 "၂၀၂၆ ခုနှစ်၏ နောက်ဆုံး Intake ကို အပ်နိုင်ပါပြီ"


# What is SHLC Program?

Sayar Henry's Language & Community Program (SHLC) ဆိုတာက အင်္ဂလိပ်စာကို စနစ်တကျနဲ့ စွယ်စုံသင်ယူလေ့ကျင့်လိုတဲ့ မြန်မာကျောင်းသားများအတွက် university တက်ရသလိုမျိုးဖြစ်အောင် ဖန်တီးပေးထားတဲ့ Multi-platform Online Learning Program ကြီးတစ်ခု ဖြစ်ပါတယ်။ (SHLC စနစ်ကကြီးမားလှတဲ့အတွက် ကျောင်းသားသစ်များကို ကြိုဆိုတဲ့ Orientation Activities များကိုတောင် နိုင်ငံတကာကျောင်းများကဲ့သို့ ၁ ပတ်ခန့်ပြုလုပ်ပေးရပါတယ်။)

ဒီအစီအစဉ်မှာ သင်ယူမယ့်ကျောင်းသားများအနေနဲ့ SHLC Intake season တစ်ခုမှာအပ်ပြီးရင် အလိုအလျောက်တက်ခွင့်ရသွားတဲ့ modules/classes တွေရယ်၊ ကျောင်းသားရဲ့ တစ်ဦးချင်းလိုအပ်ချက်အလိုက် ထပ်တိုးပြီးတက်လို့ရတဲ့ add-on modules/courses တွေရယ်၊ ကျောင်းဝန်းထဲမှာရှိတဲ့ ကော်ဖီဆိုင်ထိုင်ပြောရသလိုစကားဝိုင်းတွေ၊ ကလပ်အသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားတာတွေရယ် လုပ်လို့ရတဲ့ Online Classes + Digital Campus ဖြစ်ပါတယ်။ A2/ Pre-intermediate level လောက်ကစပြီး level မျိုးစုံ skills မျိုးစုံအတွက် ရွေးချယ်သင်ယူစရာတွေအများကြီးပါဝင်ပြီး individual speaking practice ထပ်တိုးယူချင်တဲ့ SHLC ကျောင်းသားတွေအတွက် junior coaches တွေက campus ထဲမှာ one-on-one coaching service ပေးတာမျိုးတွေလည်းရှိပါတယ်။

—————————

တစ်နှစ်မှာ ၃ ကြိမ်ပဲ ကျောင်းအပ်လက်ခံတဲ့ ဒီ SHLC Program မှာ Modules + Courses ၁၁ ခုပါဝင်ပါတယ်။

# SHLC Modules

Verbal Drills မှာ Speaking Fluency အားနည်းတဲ့သူတွေကို စကားစပြီးပြောထွက်လာအောင် လှုံ့ဆော်ပေးတဲ့ လေ့ကျင့်ခန်းတွေလုပ်ရပါတယ်။ Level အားဖြင့် Basic to Intermediate ထဲမှာရှိတဲ့ ကျောင်းသားတွေအတွက်ရည်ရွယ်ပါတယ်။ (ကျောင်းပျက်ရင် recording ပြန်ကြည့်ပြီး SHLC Campus အတွင်းမှာ စာလုပ်ဖော်ရှာပြီး ပြန်လေ့ကျင့်နိုင်ပါတယ်)
Scenario English က Sayar Henry ဖန်တီးထားတဲ့ TV series ဆန်ဆန် Story Universe ထဲက Characters တွေရဲ့ အကြောင်းကိုဖတ်ရင်း Reading + Native Speaker Usages တွေရယ်၊ အသံနေအသံထားတွေပါတဲ့ Dialogue / Speech Patterns / Role Play exercises တွေရယ်ကို သင်ယူလေ့ကျင့်ရတဲ့ module ပါ။ Pre-intermediate နဲ့အထက် ကျောင်းသားတွေအတွက်ရည်ရွယ်ပါတယ်။ (ကျောင်းပျက်ရင် recording ပြန်ကြည့်ပြီး SHLC Campus အတွင်းမှာ စာလုပ်ဖော်ရှာပြီး ပြန်လေ့ကျင့်နိုင်ပါတယ်)

Exposure English ကတော့ Upper-intermediate နဲ့အထက်ရှိတဲ့ content (text/audio/video, etc.) အမျိုးအစားတွေကိုသုံးပြီး language exposure ပေးရင်း input & output activities မျှပြီးလေ့ကျင့်ရတဲ့ module ဖြစ်ပါတယ်။ (ကျောင်းပျက်ရင် recording ပြန်ကြည့်ပြီး SHLC Campus အတွင်းမှာ စာလုပ်ဖော်ရှာပြီး ပြန်လေ့ကျင့်နိုင်ပါတယ်)

Collaborative English (by Tr. Michelle & Tr. Hazel) ကတော့ Intermediate ဝန်းကျင်ကျောင်းသားတွေအတွက် Role Play, Presentation, Debate, Teamwork အစရှိတဲ့ collaboration-based activities မျိုးတွေနဲ့ လေ့ကျင့်ရတဲ့ module ဖြစ်ပြီး Conversation Table ကတော့ topics, questions, prompts တွေအလိုက် စကားပြောလေ့ကျင့်ရတဲ့အချိန်ဖြစ်ပါတယ်။

# Module Timetable

Monday, 7:00 PM - 8:30 PM (Scenario English)
Tuesday, 7:00 PM - 8:30 PM (Exposure English)
Wednesday, 9:00 PM - 10:30 PM (Conversation Table)
Thursday, 7:00 PM - 8:30 PM (Verbal Drills)
Saturday, 9:00 PM - 10:30 PM (Collaborative English)

Modules က SHLC Program ထဲဝင်လာတဲ့ကျောင်းသားတိုင်း စာသင်ချိန်အတွက် တက်/မတက် နာမည်စာရင်းပေးစရာမလိုဘဲ ဝင်တက်လို့ရတဲ့ အတန်းတွေဖြစ်ပါတယ်။ အဲဒီ modules တွေအတွက် Attendance Credit သတ်မှတ်ချက်ပြည့်မှီသူတွေက Module Achiever Certificate ကို ရရှိနိုင်ပါတယ်။

—————————

# SHLC Courses

SHLC Students တိုင်းကို Free Modules ၅ ခုအပြင် Sayar Henry’s Specialized Training Courses ၄ ခု (Sweet Grammar, Ear Training, Insight Readers, Power Writers) ထဲက ကျောင်းသားကရွေးချယ်တဲ့ ၁ ခုကို gift course အဖြစ် လက်ဆောင်ယူပြီးတက်ခွင့်ပေးထားပါတယ်။ (Gift မို့လို့ fee မသွင်းရဘူးဆိုပေမယ့် ကျောင်းသားဘက်က နာမည်စာရင်းသွင်းတဲ့အဆင့်ကို သတ်မှတ်ထားတဲ့ကာလအတွင်းမလုပ်ဘဲ စာရင်းပိတ်သွားရင်တော့ ဝင်တက်ခွင့်မရှိပါဘူး။)

အဲဒီ Gift course ၁ ခုအပြင် နောက်ထပ် သင်ရိုးတွေကိုပါထပ်ပြီးတက်မယ်ဆိုမှ add-on fee ဆိုတာသွင်းရတာပါ။ Speech Booster (by Tr. Michelle) နဲ့ Collocation Booster (by Tr. Hazel) ကတော့ add-on courses အဖြစ်နဲ့ပဲရှိပါမယ်။

# Course Timetable

Mon & Thur, 8:30 PM - 10:30 PM (Speech Booster by Tr. Michelle)
Tue & Fri, 9:00 PM - 11:00 PM (Collocation Booster by Tr. Hazel)
Fri & Sat, 7:00 PM - 9:00 PM (Ear Training by Sayar Henry)
Sat & Sun, 8:00 AM - 10:00 AM (Sweet Grammar by Sayar Henry)
Sat & Sun, 11:00 AM - 1:00 PM (Insight Readers by Sayar Henry)
Sat & Sun, 2:30 PM - 4:30 PM (Power Writers by Sayar Henry)

ကျောင်းသားများရဲ့ Course ရွေးချယ်မှု မလွဲမှားရအောင် သင်ရိုးတိုင်းရဲ့ ပထမစာသင်ချိန်ကို အခမဲ့ Live ဝင်တက်ခွင့် / Recording ကြည့်ခွင့်ပေးထားပါတယ်။ Courses တိုင်းမှာကျောင်းပျက်ရင် recording ပြန်ကြည့်နိုင်ပါတယ်။ Course တစ်ခုချင်းစီအတွက် သတ်မှတ် coursework/homework/exam credit ပြည့်မှီသူများက သင်ရိုးအလိုက် Course Achiever Certificates တွေ ရရှိနိုင်ပါတယ်။

—————————

# Enrollment Seasons (January, May, September)

SHLC Program က ၁ နှစ်မှာ Intake Season ၃ ကြိမ်ပဲလက်ခံတာဖြစ်ပြီး intake season တစ်ခုနဲ့ တစ်ခု time table အပြောင်းအလဲရှိတတ်ပါတယ်။ အပေါ်မှာပေးခဲ့တဲ့အချိန်တွေက Season 3 (September Intake) အတွက်ဖြစ်ပါတယ်။

Program Commencement Date (Season 3): Sep 28, 2026
Program Duration (Season 3): 3 Months (Oct - Dec)
Enrollment Deadline: Sep 30, 2026

Program Intake Fee: 150000 MMK
Add-on Course Fee: 100000 MMK per course (Optional)

# Enrollment Form: https://docs.google.com/forms/d/14mCWApz3eITcoJ2lLKzdzoDmtbGngDuC7fK07sxED_0/preview

# Enrollment Team Contact: library.eng.henry@gmail.com

Wednesday, September 2, 2026

Online တိုးတက်မှုက လက်တွေ့လောကတွင် ရောင်ပြန်ဟပ်ပါသလား

(၁) "Online Speaking Class တစ်ခုခုတွင် ရရှိသည့် တိုးတက်မှုက လက်တွေ့လောကတွင် ရောင်ပြန်ဟပ်ပါသလား"

(၂) Speaking Practice Sessions များတွင် Camera ဖွင့်ခြင်း/ပိတ်ခြင်း၏ အခန်းကဏ္ဍ

ကျွန်တော့်ကျောင်းသားတစ်ယောက်နဲ့  SHLC Campus ရဲ့  Voice Room တစ်ခုမှာ ညပိုင်းစကားပြောဖြစ်တဲ့အခါမှာ သူ့ဆီက Speaking Skill နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကို ကြားသိရပါတယ်။

အဲဒါကဘာလဲဆိုတော့ online classes တွေမှာ speaking လေ့ကျင့်ကြတဲ့အခါမှာ အဆင်ပြေလာ တိုးတက်လာတယ်ဆိုတဲ့ အနေအထားက အပြင်မှာ လူချင်းတွေ့ပြီး ပြောရတဲ့အချိန်မှာ အဆင်ပြေနိုင်ဖို့အတွက် လုံလောက်မှု ရှိ/မရှိ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး အဲဒီညက ကျွန်တော်ပြောဖြစ်ခဲ့တဲ့အချက်တွေရယ်၊ အခု ထပ်ပြီး ဖြည့်စွက်ပြောပြချင်တာတွေရယ်ကို အကျဉ်းချုပ် ပြန်ပြောပြပါမယ်။

အပြင်မှာ စကားပြောတာကို ကြုံဖူးတဲ့ဝါက အတိုင်းအတာတစ်ခုအထိ အရေးကြီးတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့် အဲဒါထက်ပိုအရေးကြီးတာတစ်ခုရှိပါတယ်။ 

အဲဒါကစိတ်ရဲ့သဘာဝကို အရှိအတိုင်း လက်ခံပြီး နားလည်ပေးဖို့ပါ။ 

လူအများစုဟာ စိတ်သဘာဝအရ မကြုံဖူးတာတို့ လုပ်နေကျ မဟုတ်တာတို့ကို လုပ်ရတဲ့အခါတွေမှာ စိတ်ထဲမှာ သက်သောင့်သက်သာရှိတယ်လို့ မခံစားရသေးတဲ့အတွက် အခြားဆက်စပ် စွမ်းရည်တွေမှာပါ အမှန်တကယ်ရှိနေတာထက် ကျဆင်းသွားသလိုခံစားရတတ်ပါတယ်။ လွယ်အောင်ပြောရရင် Comfort Zone ထဲမှာ မရှိတဲ့အချိန်မှာ Performance/Skill ကျသွားသလို ဖြစ်တာပါ။ 

တစ်နည်းပြောရရင် online မှာပဲ ပြောဖူးတဲ့သူက အပြင်မှာ စပြီးပြောရတဲ့အချိန်မှာ မလုပ်ဖူးသေးတာကို လုပ်ရတာမို့လို့ ကိုယ့် skill/ performance ကို စိတ်တိုင်းမကျတာမျိုးကို ခံစားရတတ်တယ်ဆိုတာဟုတ်ပေမယ့် speaking practice ကို တခါမှ မလုပ်ဖူးမပြောဖူးသေးတဲ့သူအတွက်ကျတော့လည်း online မှာ အသံလေးပဲဖွင့်ပြီးပြောရမယ့်အနေအထားလောက်ကိုရအောင် တစ်ဆင့်တက် ရုန်းကန်ချိန်မှာလည်း အဲဒီလိုပဲခံစားရပါတယ်။ သဘောတရားချင်းက အတူတူပါပဲ။  

ဒါပေမယ့် အရေးတကြီးသတိပြုမိရမှာတစ်ခုက အဲဒီခံစားချက်တွေက a false sense of reality ပါ။ ကိုယ့်ရဲ့ တကယ့် အရှိစွမ်းရည်က အဲဒီထက်ပိုမြင့်ပါတယ်။ အဲဒီ အရှိစွမ်းရည်ကို ရနိုင်ဖို့ဆိုရင် အဲဒီမရင်းနှီးသေးတဲ့အနေအထားကို မြန်မြန်ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ ရှောင်ခြင်းအားဖြင့်တော့ မရနိုင်ဘူးပေါ့။ 

ဒါကြောင့် အဲဒီ မသက်သာတဲ့ အတွေ့အကြုံကို ခပ်စိပ်စိပ်လေးကြုံရအောင် တမင်တကာ ရွေးချယ်ပြီး ဖြတ်သန်းပစ်လိုက်နိုင်တဲ့သူက ဇီးရိုးကနေ အွန်လိုင်းကိုပဲကူးကူး၊ အွန်လိုင်းကနေ အပြင်ကိုပဲ ကူးကူး နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်။ ကျွန်တော့်ပေါ့ကဒ်စ်ထဲက "အဏ္ဏဝါပုံပြင်" ဆိုတဲ့ အပုဒ်ထဲမှာ ပြောဖူးသလိုပဲ “Get comfortable being uncomfortable.” လို့ ဆိုရမှာပေါ့။ 

ဒီလိုပြောလို့  transition တိုင်းမှာ အတင်းကြီး ရုန်းကန်ရမယ်လို့တော့ မဆိုလိုပါဘူး။ အွန်လိုင်းကနေ အပြင်လောကကို ကူးဝင်တဲ့အဆင့်မှာ ကိုယ့်ရဲ့အတွေ့အကြုံအလွှဲအပြောင်းကို အတတ်နိုင်ဆုံးချောမွေ့အောင် အွန်လိုင်းမှာကတည်းက ပြင်ဆင်လို့ရတာတွေရှိပါတယ်။ 

ဥပမာ -  အတန်းဖော်တွေ သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေ လေ့ကျင့်ရတဲ့အချိန်တွေမှာ လုံးဝမပြောရဲတဲ့အဆင့်ကနေ breakout room အသေးလေးတွေမှာ ၂ ယောက် ၃ ယောက် တစ်တွဲပြောရဲလာအောင် ကြိုးစားမယ်၊ အဲဒီကနေ group အကြီးစားတွေ discussions & activities တွေမှာ ဝင်ပြောနိုင်လာအောင် အဆင့်တက်မယ်။ အဲဒီကနေ main room ထဲမှာ အားလုံးရှေ့မှာ ပြောရတဲ့အခါမျိုးတွေ၊ Presentations တွေမှာ ပြောရဲလာအောင်ကြိုးစားမယ်။ အဲဒီကနေ နောက်တစ်ဆင့်မှာ ကင်မရာဖွင့်ပြီး ပြောရဲလာအောင် ကြိုးစားမယ် စသဖြင့်ပေါ့။ 

အဲဒီလိုအားဖြင့် အဆင့်တက်လာအောင် တမင်တကာ ရှေ့တိုးပြီးလုပ်ယူရတာပါ။ မပြောရဲသေးလို့ ဝင်မပြောသေးဘူးဆိုတဲ့အဆင့်ကနေ ဝုန်းဒိုင်းနဲ့ အပြင်မှာ အာသွက်လျှာသွက်ပြောနိုင်တဲ့သူဖြစ်လာနိုးနိုးနဲ့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ပြင်ဆင်မှုတွေလုပ်ရင်း စောင့်ရတာမဟုတ်ပါဘူး။

ဒီတော့ ပြန်အကျဉ်းချုပ်ရရင် -

(၁) အွန်လိုင်းမှာပဲပြောနိုင်ရုံနဲ့ အပြင်မှာပြောနိုင်တဲ့သူ ချက်ခြင်းမဖြစ်ဘူးဆိုတာ ဟုတ်ပေမယ့် အဲဒါက အင်္ဂလိပ်စာစွမ်းရည်ပြဿနာဆိုတာထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာလို့ ပြောရင်ပိုမှန်ပါမယ်။

(၂) အွန်လိုင်းကနေ အပြင်မှာပြောရတဲ့အဆင့်ကို ကူးပြောင်းရာမှာ human interaction, facial expression, body language, and hand gestures တွေရဲ့ သဘောကို ကြိုတင် ယဉ်ပါးခွင့်ရအောင်  ကင်မရာဖွင့်ပြီး လေ့ကျင့်ခြင်းက conversation တစ်ခုမှာ active participants အနေနဲ့ ပါဝင်နေသူအားလုံးအတွက် အပြန်အလှန်အကျိုးပြုပါတယ်။ 

သို့သော် လက်တွေ့မှာ ဘာကိုပြင်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာကတော့ သင်ယူသူများ ကျောင်းသူကျောင်းသားများရဲ့ ရွေးချယ်မှုသာဖြစ်ပါလိမ့်မယ်ခင်ဗျာ။

Yours truly,
Sayar Henry
--------------------
SHLC Program | Season 3 | September Intake အချိန်စာရင်းထွက်နေပါပြီ။
See timetable:  https://docs.google.com/forms/d/14mCWApz3eITcoJ2lLKzdzoDmtbGngDuC7fK07sxED_0/preview

Popular Posts

Sayar Henry's Music Collection

Recommended Episode

Powered by RedCircle