Writing Skill ကောင်းဖို့ အတွက်ဆိုရင် အဓိကအားဖြင့် sentence structure ကောင်းဖို့ရယ်၊ အတွေးကောင်းဖို့ရယ် လိုအပ်ပါတယ်။
Sentence structure လို့ဆိုရာမှာ complex and compound sentences တွေ common phrases & clauses တွေနိုင်နင်းရင် အဆင်ပြေပါတယ်။ အတွေးကောင်းတာကကျတော့ စိတ်ကူးစိတ်သန်းတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ စာကြောင်းတစ်ကြောင်းချင်းစီရဲ့ logic နဲ့ purpose ကို ပုံစံကျအောင် ဆင်ပြီးရေးနိုင်တာမျိုးလည်း လိုအပ်ပါတယ်။
အဲဒါအပြင် အထူးအရေးကြီးတာက စာဖတ်အား (Reading + Thinking) ကောင်းဖို့ပါ။
ကျောင်းသားတော်တော်များများက ကျွန်တော်တို့ ကျွန်မတို့ Business English ကောင်းကောင်းရေးတတ်ဖို့ Academic English ကောင်းကောင်းရေးတတ်ဖို့ ဘယ်လိုလေ့လာရမလဲဆိုပြီးခဏခဏမေးတတ်ကြပါတယ်။
အမှန်ကတော့ Business ရယ် Academic ရယ်လို့မဟုတ်ဘဲ General English Fluency ကိုအရင်တိုးတက်အောင်လုပ်ပြီးဖို့ Standard English ကို ပိုင်အောင်လုပ်ထားပြီးဖို့က အရင်လာရမှာပါ။ အဲဒါကိုပိုင်သွားပြီဆိုတာနဲ့ ကိုယ်အထူးပြုရမယ့် Academic OR Business နယ်ပယ်အလိုက် သက်ဆိုင်ရာစာအုပ်စာတမ်းတွေကို အများကြီးဖတ်လိုက်ရင် ပုံမှန် ဉာဏ်ရည်ဉာဏ်သွေးနဲ့ Learning Aptitude ရှိတဲ့ ကျောင်းသားတစ်ယောက်ဟာ Repeated Exposure & Pattern Recognition ကြောင့် သူ့အလိုလိုကို Writing Skill က လိုက်လာပါတယ်။
ဒါကြောင့် အခုလို အဘက်ဘက်က ကုန်ကျစရိတ်များနေတဲ့ ခေတ်ကာလမျိုးမှာ Academic ရယ် Business ရယ်ဆိုပြီး သီးခြားသင်တန်းတွေလိုက်ရှာပြီးတက်တာထက် ကိုယ့်စိတ်ကိုဝန်းရံနေတဲ့ input အမျိုးအစားကို relevant ဖြစ်အောင်လိုလိုလားလားပြောင်းလိုက်ခြင်းအားဖြင့် ငွေကုန်ကြေးကျသက်သာစွာနဲ့ Writing Skill (အတိုင်းအတာတစ်ခုအထိ) တက်လာနိုင်ပါတယ်လို့ အကြံပြုပါရစေ။
Yours truly,
Sayar Henry