Monday, August 17, 2026

SHLC Program မတက်ဖူးသေးသူများအတွက် ရှင်းပြချက်

# What is SHLC Program?

Sayar Henry's Language & Community Program (SHLC) က university တက်ရသလိုမျိုး intake season တစ်ခုမှာအပ်ပြီးရင် အလိုအလျောက်တက်ခွင့်ရသွားတဲ့ modules/classes တွေရယ်၊ ကျောင်းသားရဲ့ တစ်ဦးချင်းလိုအပ်ချက်အလိုက် ထပ်တိုးပြီးတက်လို့ရတဲ့ add-on modules/courses တွေရယ်၊ ကျောင်းဝန်းထဲမှာရှိတဲ့ ကော်ဖီဆိုင်ထိုင်ပြောရသလိုစကားဝိုင်းတွေ၊ ကလပ်အသင်းအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားတာတွေရယ် လုပ်လို့ရတဲ့ Online Classes + Digital Campus ဖြစ်ပါတယ်။ Pre-intermediate level လောက်ကစပြီး level မျိုးစုံ skills မျိုးစုံအတွက် ရွေးချယ်သင်ယူစရာတွေအများကြီးပါဝင်ပြီး individual speaking practice ထပ်တိုးယူချင်တဲ့ SHLC ကျောင်းသားတွေအတွက် junior coaches တွေက campus ထဲမှာ one-on-one coaching service ပေးတာမျိုးတွေလည်းရှိပါတယ်။ 

SHLC Program မှာ Modules + Courses ၁၁ ခုပါဝင်ပြီး Modules 1 to 5 က SHLC Students တိုင်း registration process မလိုဘဲ ဝင်တက်လို့ရတဲ့ Free Modules တွေဖြစ်ပါတယ်။  (Free ဆိုတာ ငွေသွင်းဖို့မလိုတာကို ဆိုလိုတာမဟုတ်၊ ဒီ modules တွေထဲက ဘယ်အချိန်တွေကိုတက်ဖို့ရွေးပါတယ်ဆိုပြီး စာရင်းသွင်းတဲ့အဆင့် မလိုအပ်တာကိုဆိုလိုပါတယ်)

# Modules (1 to 5)

Verbal Drills မှာ Speaking Fluency အားနည်းတဲ့သူတွေကို စကားစပြီးပြောထွက်လာအောင် လှုံ့ဆော်ပေးတဲ့ လေ့ကျင့်ခန်းတွေလုပ်ရပါတယ်။ Level အားဖြင့် Basic to Intermediate ထဲမှာရှိတဲ့ ကျောင်းသားတွေအတွက်ရည်ရွယ်ပါတယ်။

Scenario English က ကျွန်တော် ဖန်တီးထားတဲ့ TV series ဆန်ဆန် Story Universe ထဲက Characters တွေရဲ့ အကြောင်းကိုဖတ်ရင်း Reading + Native Speaker Usages တွေရယ်၊ အသံနေအသံထားတွေပါတဲ့ Dialogue / Speech Patterns / Role Play exercises တွေရယ်ကို သင်ယူလေ့ကျင့်ရတဲ့ module ပါ။ Pre-intermediate နဲ့အထက် ကျောင်းသားတွေအတွက်ရည်ရွယ်ပါတယ်။

Exposure English ကတော့ Upper-intermediate နဲ့အထက်ရှိတဲ့ content (text/audio/video, etc.) အမျိုးအစားတွေကိုသုံးပြီး language exposure ပေးရင်း input & output activities မျှပြီးလေ့ကျင့်ရတဲ့ module ဖြစ်ပါတယ်။

Collaborative English (by Tr. Michelle & Tr. Hazel) ကတော့ Intermediate ဝန်းကျင်ကျောင်းသားတွေအတွက် Role Play, Presentation, Debate, Teamwork အစရှိတဲ့ collaboration-based activities မျိုးတွေနဲ့ လေ့ကျင့်ရတဲ့ module ဖြစ်ပြီး Conversation Table ကတော့ topics, questions, prompts တွေအလိုက် စကားပြောလေ့ကျင့်ရတဲ့အချိန်ဖြစ်ပါတယ်။

# Courses (Module 6 to 11)

SHLC Students တိုင်းကို Free Modules ၅ ခုအပြင် ကျွန်တော့်ရဲ့ သင်ရိုး ၄ ခု (Sweet Grammar, Ear Training, Insight Readers, Power Writers) ထဲက ကျောင်းသားကရွေးချယ်တဲ့ ၁ ခုကို gift course အဖြစ် လက်ဆောင်ယူပြီးတက်ခွင့်ပေးထားပါတယ်။ (Gift မို့လို့ fee မသွင်းရဘူးဆိုပေမယ့် ကျောင်းသားဘက်က နာမည်စာရင်းသွင်းတဲ့အဆင့်ကို သတ်မှတ်ထားတဲ့ကာလအတွင်းမလုပ်ဘဲ စာရင်းပိတ်သွားရင်တော့ ဝင်တက်ခွင့်မရှိပါဘူး။)

အဲဒီ Gift course ၁ ခုအပြင် နောက်ထပ် သင်ရိုးတွေကိုပါထပ်ပြီးတက်မယ်ဆိုမှ add-on fee ဆိုတာသွင်းရတာပါ။ Speech Booster (by Tr. Michelle) နဲ့  Collocation Booster (by Tr. Hazel) ကတော့ add-on courses အဖြစ်နဲ့ပဲရှိပါမယ်။

# Enrollment Seasons (January, May, September)

SHLC Program က ၁ နှစ်မှာ Intake Season ၃ ကြိမ်ပဲလက်ခံတာဖြစ်ပြီး intake season တစ်ခုနဲ့ တစ်ခု time table အပြောင်းအလဲရှိတတ်ပါတယ်။ စက်တင်ဘာအကုန်လောက်မှာ လာမယ့် Season 3 အတွက် ဖောင်တင်ပြီး Waiting List မှာ စောင့်လို့ရနေပါပြီ။ ဒါပေမယ့် timetable မထွက်သေးလို့ ငွေသွင်းခွင့်မပြုသေးပါဘူး။ 

# Enrollment Form

စိတ်ဝင်စားတယ်ဆိုရင် waiting list မှာ စာရင်းသွင်းထားနိုင်ပါတယ်။ https://docs.google.com/forms/d/14mCWApz3eITcoJ2lLKzdzoDmtbGngDuC7fK07sxED_0/preview

Tuesday, August 4, 2026

Sweet Grammar Course

မြန်မာစံတော်ချိန်နဲ့တွက်ရင် Wednesday, 7:00 PM - 10:00 PM ကြား ဘာလုပ်လေ့ရှိပါသလဲ။


ရေချိုးသလား၊ တစ်ခုခုစားတတ်သလား၊ အားကစားလုပ်သလား၊ ဖုန်းပွတ်သလား စသဖြင့်ပေါ့။ တကယ်လို့ အဲဒီရက် အဲဒီအချိန်တွေမှာ အားလပ်နေတယ်၊ ဒါမှမဟုတ် တိတိကျကျညွှန်ပြစရာ productive activity တစ်ခုခုလုပ်မနေဘူးဆိုရင် ကျွန်တော်နဲ့လာတွေ့ပြီး Learning Hours အဖြစ် အသွင်ပြောင်းလိုက်ဖို့ စဉ်းစားကြည့်စေချင်ပါတယ်။

အဲဒီလိုလာတွေ့တဲ့ကာလအတွင်းမှာ ကျွန်တော်က English Grammar နဲ့ပတ်သက်ပြီး တစ်သက်စာ ဉာဏ်အလင်းဖွင့်ပေးလိုက်ပါမယ်။

ဘယ်လိုဖွင့်ပေးမှာလဲဆိုတော့ -

Language Acquisition မှာ ဦးနှောက်ရဲ့ မှတ်ဉာဏ်သဘောသဘာဝကို ပေါင်းစပ်အသုံးချပုံကစလို့ ပြင်သစ်၊ စပိန်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာစကား ၄ ခုကို ဥပမာထားပြီး ဘာသာစကားအတော်များများမှာ ပါဝင်နေတဲ့ ကင်းကွာလို့မရတဲ့ Universal Grammar Concepts တွေကို နက်နက်နဲနဲခံစားမိလာအောင် Theory + Practice လုပ်ရတာတွေအပါအဝင် အင်္ဂလိပ်စာမှာ Intermediate ကနေ Advanced Level ကို ကူးရာမှာ ပေါင်းကူးတံတားအဖြစ်လမ်းခင်းပေးမယ့် Nested Thought Structure သဘောတရားတွေကို လေ့ကျင့်ရတဲ့အထိ အခြေခံကနေစပြီး တစ်ဆင့်ချင်း စနစ်တကျဖြတ်သန်းခိုင်းမှာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ပုံဖော်ကြည့်နိုင်စွမ်းမြင့်တက်လာမယ်၊ အင်္ဂလိပ်စာဖတ်တာ စာရေးတာကို ပိုပြီးလုပ်ဖြစ်လာမယ်၊ ကျွန်တော်နဲ့တွေ့တုန်းမှာ ချရေးတဲ့ဝါကျတွေကိုလည်း real time ပြပြီး မှန်/မှား feedback ရယူရင်း လက်တွေ့သဘောပေါက်လာပါမယ်။

အကျိုးဆက်အနေနဲ့ အဲဒီဖြတ်သန်းမှုကရတဲ့ အသိအမြင်၊ သဘောတရား နဲ့ နည်းစနစ်ကို အင်္ဂလိပ်စာ သင်ယူမှုခရီးစဉ်ကို ပိုမြန်သွားအောင် accelerator အဖြစ်အသုံးပြုနိုင်ရုံတင် မဟုတ်ဘဲ ဂျပန်၊ ထိုင်း၊ ပေါ်တူဂီစသဖြင့် နိုင်ငံတကာအနှံ့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေထိုင်ဖို့ပြင်ဆင်နေတဲ့ မြန်မာလူငယ်များအတွက် အာရှ၊ ဥရောပ ဒေသအသီးသီးက ဘာသာစကားတွေကို မဖြစ်မနေသင်ယူရတော့မယ့် အခြေအနေမျိုးကြုံလာရင်လည်း Tool Box တစ်ခုအဖြစ် ရည်ညွန်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဟိုလှည့်ဒီလှည့်ကုန်သွားမယ့် Midweek Evening Hours ကို အဲဒီလိုဖြတ်သန်းမှုတစ်ခုနဲ့ အကျိုးရှိရှိကုန်ဆုံးသွားချင်တယ်ဆိုရင် လာမယ့် August 5 မှာ စတင်မယ့် Sweet Grammar Course ကို လာတက်လိုက်ဖို့ ကျွန်တော်က ဖိတ်ခေါ်ပါတယ်။

“Sweet Grammar Course” (A Specialized Training Class)
Class Time: Wednesday (7:00 – 9:30 PM)
Training Duration: ~ 4 months (starting on August 5, 2026)
Course Fee: 140000 MMK

ကျွန်တော့်အတန်းတိုင်းရဲ့ ထုံးစံအတိုင်း သင်တန်းတက်ဖို့ Gmail/Google Account/Google Meet လိုအပ်ပါတယ်။ Live သင်ကြားမှုကို Google Meet ကနေလုပ်ပြီး အဲဒီရဲ့ Recording ကို စာသင်ချိန်ပြီးနောက် ၄၈ နာရီအတွင်း Google Drive ကနေ ပြန် share ပေးပါတယ်။ အပတ်စဉ် Classwork/Homework ကိုလည်း correction ပေးမှာဖြစ်ပါတယ်။

Enrollment Form: https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform

Popular Posts

Sayar Henry's Music Collection

Recommended Episode

Powered by RedCircle