နှစ်သစ်ရောက်သွားတဲ့အခါ မှားတတ်တဲ့အမှားတစ်ခုက Overambitious ဖြစ်မိတာပါ။
နှစ်သစ်ရောက်တာနဲ့ အစီအစဉ်သစ်တွေ၊ အချိန်ဇယားတွေဖြည့်လို့ရနိုင်သမျှ ဖြည့်တာ၊ Calendar Planning တွေလုပ်တာစသဖြင့် စိတ်ကစားတတ်ကြပါတယ်။ လူ့စိတ်သဘာဝအရ Reset Points လေးတွေရတဲ့အခါတိုင်းမှာ ဒါမျိုးလုပ်တတ်တာက ဘာအစီအစဉ်မှမရှိတာထက်စာရင်တော့ ပိုကောင်းတယ်ဆိုပေမယ့် sustainable မဖြစ်ရင် စောစောစီးစီး လောင်စာကုန် burn out ဖြစ်သွားတတ်ကြပါတယ်။
ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ calendar ပေါ်မှာ အချိန်လွတ်ရတိုင်း အကျိုးရှိအောင် တစ်ခုခု ကောက်ထည့်တာမျိုး ဘယ်တော့မှလုပ်လေ့မရှိပါဘူး။ အဲဒီအစား နည်းနည်းပဲသတ်မှတ်ထားတဲ့ scheduled events / tasks / time blocks/ activities တွေကိုပဲ အထိပါးမခံ ကာကွယ်ပြီး ရအောင်လုပ်ပါတယ်။
အလွယ်တကူ မြင်သာအောင် ဥပမာပြောရရင် - သင်တန်းပေါင်းများစွာလိုက်တက်တဲ့ကျောင်းသားမျိုးမလုပ်ဘဲ တက်နေတဲ့ သင်တန်း ၁ ခုကိုပဲ social life/ parties/ fun activities တွေအစွန့်ခံပြီး မပျက်မကွက် တက်တဲ့ ကျောင်းသားမျိုးလိုပေါ့။
နောက်တစ်ခုက ကျွန်တော့်ရဲ့ Personal Growth အရ Calendar Events & Tasks တွေဟာ တတ်နိုင်သမျှ တိုးဖို့မဟုတ်၊ နည်းနိုင်သမျှနည်းအောင် လျှော့ဖို့ဖြစ်ပါတယ်။ Calendar မှာ မရှိတဲ့ အချိန်လွတ်တွေကမှ "ဘဝမှာ အမှန်တကယ်အသက်ရှင်ဖြတ်သန်းခွင့်ရတဲ့ အချိန်တွေ" လို့ခံယူထားပါတယ်။
၂၀၁၄ ကနေ ၂၀၂၅ အတွင်း ဆယ်စုနှစ်တစ်ခုစာ Productivity အားသန်ခဲ့တဲ့ ဘာသာစကားဆရာတစ်ယောက်က Priorities တွေ ပြောင်းသွားပြီပဲ ဆိုပါတော့။
Yours truly,
Sayar Henry
01.01.2026
--------------------------
Teacher (2012-present)
Writer (2006-present)
YouTuber (2013-present)
Podcaster (2021-present)
--------------------------
No comments:
Post a Comment