Wednesday, May 13, 2026

SHLC စားသောက်ဆိုင်ကြီးမှာ စားကြမယ်

 SHLC စားသောက်ဆိုင်ကြီးမှာ စားကြမယ်ဆိုပါစို့။

ဒီဆိုင်က အစဉ်အဆက်နာမည်ကြီးတဲ့ ဟင်းလျာကြီး ၄ ပွဲ ရှိပါတယ်။

ဒီ ၄ ပွဲကို စားဖူးကြစေချင်လို့ Signature Menu Items အဖြစ်ထားတာဖြစ်တဲ့အတွက်၊ ဒီ ၄ ပွဲကိုစားချင်လို့ လူအလာများကြတာဖြစ်တဲ့အတွက် ဆိုင်ဝင်ခပေးပြီး ဆိုင်ကိုရောက်လာတဲ့သူတိုင်းကို ဒီဟင်းလျာကြီး ၄ ပွဲထဲက စားသုံးသူရွေးချယ်တဲ့ ၁ ပွဲကို အခမဲ့စားသုံးခွင့်ပေးထားပါတယ်။ အခြား ဟင်းပွဲတွေထပ်မှာစားမယ်ဆိုရင်တော့ ထပ်တိုးဟင်းပွဲတွေအတွက် ငွေထပ်ရှင်းရပါမယ်။

(Master Chef ၏ Signature Dishes များ = Sweet Grammar Course, Ear Training Course, Insight Readers Course, Power Writers Course၊
Senior Chefs များ၏ ဟင်းပွဲအသစ်များ = Collocation Booster Course, Speech Booster Course)

ဒါပေမယ့် SHLC ဆိုင်မှာထိုင်ရတဲ့အရသာဟာ ဟင်းပွဲကြီးပဲထိုင်စားနေတာထက်စာရင် သူနဲ့အလွန်လိုက်ဖက်အောင် ထူးကဲစွာပြင်ဆင်ပေးထားတဲ့ သောက်စရာတွေ၊ အချိုပွဲတွေနဲ့တွဲဖက်ပြီးစားလိုက်ရင် ကြုံတွေ့ခံစားရတဲ့ အရသာဟာ အများကြီးမှအများကြီး ပိုကောင်းသွား ပြည့်စုံသွားပါတယ်။

ဒါကြောင့် စားသုံးသူကို အဲဒီလိုတွဲဖက်ခံစားခွင့်ရအောင် သောက်စရာ ၅ မျိုးကို Free Flow ပုံစံနဲ့ အခမဲ့ သောက်ခွင့် ပေးထားပါတယ်။ ၅ မျိုးစလုံးကို သောက်နိုင်ရင်လည်း သောက်လို့ရသလို မသောက်ချင်ရင်လည်း မသောက်လို့ရပါတယ်။ ဒါပေမယ့် သောက်ရကောင်းမှန်းသိစေချင်လို့ကို သောက်ဖူးစေချင်လို့ကို ဖျော်စပ်ဖန်တီးပေးထားတာဖြစ်တဲ့အတွက် ဒီဆိုင်မှာရှိနေတုန်း သောက်လိုက်သင့်ပါတယ်။

(တွဲဖက်သောက်စရာများ =Verbal Drills Module, Scenario English Module, Exposure English Module, Collaborative English Module, Conversation Table Module)

ဒါပေမယ့် စားပြီးသောက်ပြီးတဲ့အခါ အချိုပွဲလေးနဲ့မှ ပြည့်စုံတယ်မဟုတ်လား။ အချိုပွဲပါထပ်ထည့်လိုက်တဲ့အခါ စိတ်ကျေနပ်မှုက အထွတ်အထိပ်ကို ရောက်သွားပြီး အခြားဘယ်ဆိုင်ကိုမှ ထပ်ရှာပြီးသွားစားစရာမလိုတော့အောင် အားရကျေနပ်သွားနိုင်ပါတယ်။ ဒါကြောင့် SHLC ဆိုင်မှာ ထိုင်တဲ့စားသုံးသူတိုင်းကို အချိုပွဲ၊ လက်ဖက်ရည်၊ ကော်ဖီစသဖြင့် ဝိုင်းမျိုးစုံမှာ စိတ်ကြိုက်ဝင်ထိုင်ပြီး သုံးဆောင်ခွင့်ကို ပေးထားပါတယ်။

(အချိုပွဲ = Student Volunteers များ၊ အခြားကျောင်းသားများ နှင့် Socialize လုပ်ခွင့်ရသည့် မြန်မာ/အင်္ဂလိပ် စကားဝိုင်းပေါင်းများစွာ)

တခါတလေ ဟင်းပွဲတွေကို သိပ်ကြိုက်တဲ့အခါ Chef နဲ့ တွေ့ဆုံပြီး နှုတ်ဆက်စကားပြောချင်တာမျိုး ဟင်းချက်နည်းအကြံဉာဏ်မေးချင်တာမျိုးလည်း ရှိနိုင်တာပေါ့လေ။ ဒီအတွက် SHLC ဆိုင်မှာ အပတ်စဉ် Master Chef နဲ့ တွေ့ဆုံမေးမြန်းခွင့်ရှိတဲ့ အချိန်တစ်ခုလည်း ထည့်ပေးထားပါသေးတယ်။

(Meeting Master Chef = Weekly Consultation Session with Sayar Henry)

အချို့စားသုံးသူတွေက သောက်စရာဝိုင်းတွေ၊ အချိုပွဲဝိုင်းတွေမှာ ဝင်ထိုင်တဲ့အခါ ကိုယ့်ကိုကိုယ်အားမရဖြစ်နေတာ၊ ကိုယ်ကြိုက်တဲ့အရသာအနေထားကို ထပ်တိုးဝန်ဆောင်ခပေးပြီး စိတ်ကြိုက်ပြင်ဆင်သုံးဆောင်ချင်တာမျိုးလည်းရှိနိုင်ပါတယ်။ အဲဒီလိုသူမျိုးရှိလျှင်လည်း ဦးရာလူစနစ်နဲ့ Personal Chefs နှစ်ယောက်က ဖြည့်ဆည်းပေးဖို့ ရှိနေပါတယ်။

(Personal Chef Service = One-on-One Speaking Practice with Junior Coaches, Limited Availability)

အချို့စားသုံးသူတွေက ဟင်းပွဲတွေ ကျွေးမွေးတဲ့အချိန်၊ သောက်စရာတွေ တည်ခင်းတဲ့အချိန်တွေမှာ မအားလပ်တဲ့အခါ မလာနိုင်တဲ့အခါ စားသောက်စရာ Dishes & Beverages အများစုကို အိမ်ပြန်ယူသွားပြီး freezer ထဲသိမ်းကာ အဆင်ပြေတဲ့အချိန် ပြန်စားလို့ရအောင်လည်း SHLC က ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ရှေ့အစဉ်အဆက်က ရှိလာခဲ့တဲ့ မပုပ်သိုးနိုင်တဲ့ တာရှည်ခံ မုန့်ပေါင်းများစွာကိုလည်း ဆိုင်ရဲ့ Reach-in Freezer ကြီးထဲမှာ ထည့်သိမ်းပေးထားပါတယ်။

(Freezer ထဲသိမ်းနိုင်သည့် စားသောက်စရာများ = All Courses & Modules except Collaborative English and Conversation Table,
Freezer = Student's Google Drive၊
Reach-in Freezer= SHLC Google Classroom & SHLC Campus on Discord)

ဒါကြောင့် SHLC စားသောက်ဆိုင်ကြီးထဲကို ဝင်လာပြီး အရသာရှိတဲ့ ပညာဟင်းပွဲများ၊ အမှတ်တရဖြစ်စေမယ့် ဘာသာစကားအဖျော်ယမကာနှင့်အချိုပွဲမျိုးစုံတို့ကို ၄ လတာ သုံးဆောင်နိုင်ကြဖို့ ဆိုင်ဝင်ခွင့် မပိတ်ခင် Reservation ရယူထားကြဖို့ အင်္ဂလိပ်ဘာသာစကားစားသုံးမှုနှစ်ခြိုက်သူများအားလုံးကို အသိပေးဖိတ်ခေါ်လိုက်ပါတယ်။

(Reservation = Email communication with library.eng.henry@gmail.com)
ဆိုင်ဝင်ခွင့် နောက်ဆုံးရက် = မေလ ၁၄ ရက်၊ ၂၀၂၆

Yours truly,
Sayar Henry
Master Chef at SHLC
Enrollment Form:
https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform

No comments:

Popular Posts

Sayar Henry's Music Collection

Recommended Episode

Powered by RedCircle