Thursday, June 20, 2024

အထူအပါး အချိန်အဆ

 ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုချဖို့လိုလာတိုင်း လွန်ဆွဲရတာက Reasoning နဲ့ Emotion ဖြစ်ပါတယ်။ အဲဒီလိုလွန်ဆွဲတိုင်းမှာလည်း Emotion တစ်ခုတည်းရဲ့ နောက်ကို ဦးစားပေးလိုက်တဲ့ ဆုံးဖြတ်ချက်တွေက ရေတိုအတွက်ပဲ အဆင်ပြေပြီး ရေရှည်မှာ နောင်တရစရာဖြစ်သွားလေ့ရှိပါတယ်။


အထူးသဖြင့် Negative Emotions တွေကြောင့် ဖြစ်လာတဲ့ ဆုံးဖြတ်ချက်မျိုးတွေဟာ မှန်လေ့မရှိပါဘူး။

ဥပမာ - အင်္ဂလိပ်လိုပြောနေမကျသေးလို့ မပြောဖူးသေးလို့ ဖြစ်တဲ့ စိုးရိမ်ပူပန်စိတ်/ ကြောက်စိတ် အစရှိတဲ့ Negative Emotion ခံစားချက်ကို ဦးစားပေးပြီး အင်္ဂလိပ်စကားပြောရမယ့် အခြေအနေတွေကို ရှောင်ရင်း ရှောင်ရင်းနဲ့ နောင်အခါ အဲဒီရဲ့ အကျိုးဆက်ဆိုးကို ပြန်ခံရတာမျိုးပေါ့။

ဒါကြောင့် ကိုယ့်ရဲ့ ဘဝမှာ Fear/ Concern လိုမျိုး Negative Emotion တစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ ချရမယ့် ဆုံးဖြတ်ချက်မျိုးဆိုရင် မလောလွန်းဖို့ သတိကြီးကြီးထားဖို့လိုပါတယ်။

အဓိကကတော့ အခြေအနေ အချိန်အခါရဲ့ တွန်းအားတွေရှိနေပေမယ့် အထူအပါး အချိန်အဆ ဆိုတာကိုလည်း မမေ့ပါနဲ့။

S.H

No comments:

Sayar Henry's Music Collection

Latest Episode

Powered by RedCircle