Saturday, June 22, 2024

ပြောအားကောင်းအောင် လေ့ကျင့်နည်း

 အမေး။ ။ "Speaking ပြောအားကောင်းအောင် ဘယ်လို လုပ်ရမလဲဆရာ"


အဖြေ။ ။ “ ပြောအားကောင်းတယ်ဆိုရာမှာ fluency ကောင်းတာကို ဆိုလိုတာလား အသံအားကောင်းတာကို ဆိုလိုတာလား သိပ်မရှင်းပေမယ့် ကျွန်တော့်အနေနဲ့ အကြံပေးချင်တာတစ်ခုကတော့ အင်္ဂလိပ်ဝါကျတွေထဲမှာပါတဲ့ စကားလုံးတစ်လုံးချင်းစီကို ဖြေးဖြေးချင်းဆွဲဆန့်ပြီးတော့ Slow Motion နဲ့ ဖတ်တဲ့ လေ့ကျင့်ခန်းရယ်၊ Articulation Exercise လို့ခေါ်တဲ့ ဝါကျတွေမှာပါဝင်တဲ့ word တစ်ခုချင်းစီကို အပီသဆုံးဖြစ်အောင် mouth movement ကို ပုံမှန်ထက် ပိုပြီးချဲ့ကားပြီး ဖတ်တာရယ် အဲဒီလေ့ကျင့်ခန်း နှစ်မျိုးကို မနက်တစ်မျိုး ညတစ်မျိုး တစ်ချိန်မှာ ၁၅ မိနစ်စီလောက် ပုံမှန်လုပ်ရင် ၂ လ - ၃ လလောက်အတွင်းမှာ အာသွက်လျှာသွက် ပြောအားကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်ရင် psychological barrier ဘယ်လောက်ရှိသလဲ language foundation ဘယ်လောက်ပိုင်သလဲဆိုတာပေါ်မှာမူတည်ပြီးတော့ အခြေခံအားပျော့ရင်ပျော့သလို ပိုကြာနိုင်ပါတယ်။ အဲဒါတွေကောင်းပြီးသား အဆင်ပြေပြီးသားဆိုရင်တော့ စောစောက လေ့ကျင့်ခန်း ၂ ခုလုပ်ရုံနဲ့ လပိုင်းအတွင်း ပြောင်းလဲနိုင်ပါတယ်။ ”

No comments:

Popular Posts

Sayar Henry's Music Collection

Recommended Episode

Powered by RedCircle