Sunday, July 14, 2024

Class, Podcast, Discount တို့နှင့်ပတ်သက်သည့် update အချို့

(၁) Ear Training (Sat & Sun, 11:00 AM - 12:30 PM, July 13, 120000 MMK) အတန်းက July 15 မြန်မာစံတော်ချိန် ည ၁၀ နာရီကျရင် စာရင်းပိတ်မှာဖြစ်လို့ သင်တန်းတက်ချင်သေးရင် အမြန် form တင်ပြီးအပ်ဖို့လိုပါမယ်။ (လွတ်သွားတဲ့ ရှေ့ ၂ ချိန်ကို recordings ပြန်ကြည့်ဖို့တော့ အရေးကြီးပါတယ်။)


(၂) Sweet Grammar (Tue & Thu, 6:00 - 7:30 PM, July 16, 9 Weeks, 80000 MMK) အတန်းက အပ်ဖို့အချိန်မှီသေးပေမယ့် ပထမရက်သင်ပြီးတဲ့အခါကျရင် word of mouth နဲ့ လက်ဆင့်ကမ်းစာရင်းသွင်းတဲ့သူတွေ ထပ်တိုးလာနိုင်လို့ အချိန်မဆွဲဘဲ အပ်ဖို့လိုပါမယ်။


(၃) မူလတုန်းက Insight Readers (Sat & Sun, 4:00 - 5:30 PM, 10 Weeks) နဲ့  Power Writers (Sat & Sun, 6:00 - 7:30 PM, 11 Weeks) ကို ဇူလိုင်နှောင်းပိုင်းစပေးဖို့ ရည်ရွယ်ထားပေမယ့် ရှေ့အသုတ်ပြီးပြီးချင်း ခဏနားပြီး reflection ယူချင်တာရယ်၊ long-overdue ဖြစ်နေတဲ့ podcast episode အသစ်တစ်ပုဒ် ထုတ်ပေးဖို့ အချိန်ဖဲ့ယူဖို့ရယ် လိုနေတာရယ်ကြောင့် နှစ်တန်းစလုံးကို August 3 မှစဖို့ ရွှေ့ဆိုင်းထားပါတယ်။ 


(၄) အကျိုးဆက်အနေနဲ့ Insight Readers & Power Writers က ကပ်လျက် ဖွင့်တဲ့ batch ဖြစ်သွားလို့ နှစ်ခုစလုံးပူးတွဲအပ်တဲ့သူများအတွက် discount option ရှိသွားပါပြီ။ Course တစ်ခုချင်းအတွက် 140000 MMK ကျမှာဖြစ်ပေမယ့် တွဲအပ်ရင် total 210000 MMK ပဲကျတော့မှာပါ။ ဒါပေမယ့် discount က အတန်းဖွင့်ရက်မတိုင်ခင် ဩဂုတ် ၂ မှာနောက်ဆုံးထားပြီးသင်တန်းကြေးသွင်းတဲ့သူတွေ အတွက်ပဲ အကျုံးဝင်ပါမယ်။ သင်တန်း စ ရက် ရောက်သွားရင် discount option မရှိတော့ဘဲ ပုံမှန် fee နဲ့ပဲ အပ်လို့ရမှာဖြစ်ပါတယ်။ တကယ်လို့ အဲဒီရက်မတိုင်ခင် တန်းခွဲလူပြည့်သွားရင်လည်း ခါတိုင်းလိုပဲ စာရင်းပိတ်ရမှာဖြစ်လို့ နောက်တစ်သုတ်ပြန်ရောက်ဖို့ ၃ လ နီးပါးပြန်စောင့်ရနိုင်ပါတယ်။

ပညာရှာနေသူများ ကြိုတင်ချိန်ဆပြီး လှုပ်ရှားလိုက်ပါ။


Yours truly,

Sayar Henry


https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform




No comments:

Sayar Henry's Music Collection

Latest Episode

Powered by RedCircle