Wednesday, March 12, 2025

GYM ဆော့တာနဲ့ Language Learning ဘာတူသလဲ

"GYM မှာအလေးဆော့တာနဲ့  Language Learning နဲ့ ဘာတူသလဲ"


Gym မှာ နည်းပြနဲ့ ဆော့တယ်ဆိုတာက သင်တန်းတစ်ခုတက်တာနဲ့တူပါတယ်။ တစ်ပတ်မှာ Trainer နဲ့ ဘယ်နေ့တွေ ဘယ်အချိန်တွေမှာ တွေ့ရမယ် လုပ်ကိုင်ရမယ်ပေါ့။ 

ဒါပေမယ့် ဇာတ်လမ်းက အဲမှာတင်ပြီးသွားတာမဟုတ်ပါဘူး။ 

Gym ကနေပြန်လာရင် အိမ်မှာ ဘာပြန်လုပ်သလဲ ဆိုတာက ကိုယ့်ရဲ့ ပန်းတိုင်ကို တကယ်ရ/မရ အဆုံးအဖြတ်ပေးမှာပါ။ Gym သွားတာတစ်မျိုးပဲလုပ်တယ် ကျန်တာဘာမှမပြောင်း၊ အာဟာရဖြည့်တင်းမှု၊ ထိန်းကျောင်းမှုနဲ့ အိပ်စက်အနားယူမှုပိုင်းမှာ ဖြစ်သလိုလုပ်နေတယ်ဆိုရင်တော့ Body Goal ကို ရသင့်သလောက်မရဘူးပေါ့။ 


အလားတူပဲ သင်တန်းတက်ချိန်ပဲပညာကိုသင်ယူတယ်၊ ကိုယ့်ဖာသာကိုယ် အိမ်မှာ ဖြည့်စွက်လေ့ကျင့်မှုမရှိရင် Learning Goal ကို ရသင့်သလောက်မရပါဘူး။ အချို့ကျောင်းသားတွေဆိုရင် တစ်နေ့တစ်နေ့ အမျိုးမျိုးသောသင်တန်းတက်ချိန်တွေနဲ့ပဲ အချိန်ကုန်ကြပါတယ်။ သင်တန်းမှာသင်ယူနေတဲ့ပညာကို ကိုယ့်စိတ်နဲ့ကိုယ် ဦးနှောက်ထဲမှာ အေးအေးဆေးဆေး ပြန်လည်ဖြတ်သန်းကြုံတွေ့ချိန် ရအောင် မလုပ်ကြပါဘူး။ 


ပညာသင်ယူမှုမှာ Classwork အပြင် Revision, Homework, Assignments, Projects ဆိုတာတွေ ပါဝင်တယ်ဆိုတာဟာ အဲဒီဖြည့်စွက်ဖြတ်သန်းမှုလုပ်လို့ရအောင် အခွင့်အရေးတွေဖန်တီးပေးထားတာပါ။ အဲဒါတွေကို သင်တန်းကမပေးရင်၊ ပေးလျက်နဲ့ကိုယ်ကမလုပ်နိုင်ရင် Gym မှာပဲဆော့ပြီး ကျန်တဲ့အချိန်မှာ Lifestyle ဗြဲလရမ်းနဲ့ ခရီးဝေးဝေးမရောက်နိုင်ကြသူတွေပဲ ဖြစ်သွားပါလိမ့်မယ်။


ဒါကြောင့် အင်္ဂလိပ်စာလုပ်တယ်ဆိုရင်လည်း သင်တန်းချည်းပဲတက်တာ Recordings တွေ Content consumption တွေချည်းပဲမလုပ်ဘဲ သင်ယူထားတဲ့သဘောတရားတွေ အကြောင်းအရာတွေကို ကိုယ့်စိတ်နဲ့ကိုယ် ဖြတ်သန်းချိန်ရအောင် သတ်သတ်မှတ်မှတ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။


ဟုတ်ပါတယ်။ "အိမ်စာ" လုပ်ကြပါလို့ ပြောနေတာပါ။


Yours truly,
Sayar Henry

--------------------------
Teacher (2012-present)
Writer (2006-present)
YouTuber (2013-present)
Podcaster (2021-present)
--------------------------


သင်တန်းစုံစမ်းသူများ ဖတ်ရန်/သိမ်းထားရန် info links များ


(၁) Library Membership (General 4 Skills Regular Practice + Private Online Community) (ပထမ ၁ လ ၂၀,၀၀၀ ကျပ်မှစ၊ Renewal တွင်ပိုသက်သာသွား)
Library Membership စနစ် အကြောင်း ဖတ်ရန် >>  https://drive.google.com/file/d/1E4HQiaZ28k-2orQ4CdcU5-BaQHp2D271/view


(၂) Specialized Training Courses (သင်ရိုးတစ်ခုလျှင် ၉၀,၀၀၀ ကျပ်မှစ၊ ၁၄၀,၀၀၀ ကျပ်အထိ)
သင်ရိုးများ အကြောင်း ဖတ်ရန် >> https://drive.google.com/file/d/1sNQeKTG1Mmw5sqeQPSiqg_pZ75IWuFGa/view


(၃) Super Membership (တစ်နှစ်စာ Specialized Training Courses အားလုံး unlimited times တက်ရောက်ခွင့် + Library Membership၊ ၅၀၀,၀၀၀ ကျပ်)
International Payment Options: https://sh-learningculture.com/memberships



(၄) သင်တန်းစာရင်းသွင်းရန် Enrollment Form >> https://docs.google.com/forms/d/e/1FAIpQLScq87vaWGHfXFWwQRdXijIGa_MoiORa81VTL2YA9udqgeigUA/viewform

No comments:

Sayar Henry's Music Collection

Latest Episode

Powered by RedCircle